Tuesday, April 23, 2013

လေပြင်းကြောင့် အမရပူရမြို့နယ်တွင် လက်ပံပင်ကျိုးကျရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရ

0 comments
ဧပြီ(၂၃)


ဧပြီ၂၂ရက်ညက တိုက်ခက်ခဲ့သော လေပြင်းကြောင့် စစ်ကိုင်း-မန္တလေးဧ ရာဝတီ ကန်ပတ်လမ်းရှိ အမရပူရမြို့နယ် ငယ်တိုးတိုက်နယ် ဈေးကုန်းရပ်ကွက် မှလက်ပံပင် ကျိုးကျရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်၃လုံး ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

လက်ဖက်ရည်ဆိုင်၊ဈေးဆိုင်နှင့်သစ်အရောင်းဆိုင်(၃)ဆိုင်ပျက်စီးသွားခဲ့ကြောင်း၊ထိခိုက်ဒဏ်ရာရသူနှစ်ဦးမှာ ဈေးရောင်းနေသောအသက်(၃၈)နှစ်အရွယ် မစန်းရီဆိုသူနှင့်အသက်(၁၃)နှစ်အရွယ်လက်ဖက်ရည်ဆိုင်စားပွဲထိုးကလေးငယ် ပြည့်စုံအောင်တို့ဖြစ်ကြောင်း၊ ၄င်းတို့၏မိသားစုဝင်များက ပြောသည်။

"ကျွန်တော့အမျိုးသမီးကဈေးဆိုင်ဖွင့်ထားတာဆိုတော့ ဈေးရောင်းနေရင်း ဖြစ်သွားတာ။ခါးရိုးကျိုးသွားတယ်။ ခြေသလုံးရိုးကျိုးသွားတယ်။"ဟု ဒဏ်ရာရသူအမျိုးသမီး၏ ခင်ပွန်းကိုမောင်တင့်က ပြောသည်။ "ကလေးက ဘေးက ဈေးဆိုင်ကို သွားရင်းခုလိုဖြစ်တာပါ။ မေးစေ့ကွဲသွားတယ်။

မျက်နှာနည်းနည်းလည်းပွန်းပဲ့သွားတယ်။"ဟုထိခိုက်ဒဏ်ရာရသူစားပွဲထိုး ကလေးငယ်၏အလုပ်ရှင်လက်ဖက် ရည် ပိုင်ရှင် မလှလှနွယ်က ပြောသည်။ ထိခိုက်ဒဏ်ရာရသူ(၂)ဦးမှာမန္တလေးဆေးရုံကြီးတွင် ဆေးကုသမှူခံယူနေပြီး အသက်အန္တရာယ်စိုးရိမ်ဖွယ်မရှိ့ကြောင်း မိသားစု ၀င်များက ပြောသည်။

မန္တလေးမြို့တွင်တိုက်ခက်ခဲ့သော လေပြင်းကြောင့်စစ်ကိုင်း-မန္တလေးကန်ဘောင်လမ်းတစ်လျှောက်ရှိ သက်တမ်းရင့် လက်ပံပင်နှင့်
ကုက္ကိုပင်အချို့ လဲပြိုခဲ့သည်။

ဓာတ်ပုံ- ညီညီဇော်

7Day News Journal


Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here