နှစ်ဆန်းတရက်နေ့ ငါးလွှတ် ကုသိုလ်ပြုသူများကို ရန်ကုန်မြို့ သာဓုကန်ဘုရားအနီးတွင် ဤသို့ တွေ့ရသည်။ (ဓာတ်ပုံများ - ဧရာဝတီ)

နှစ်ဟောင်းအကုန် နှစ်သစ်တခုသို့ ကူးပြောင်းသည့် နှစ်ဆန်းတရက်နေ့ ဖြစ်သောကြောင့် ဇီဝိတဒါနပြုသူများ၊ ဘုရားသွားကျောင်းတက်သူများကို ရန်ကုန်မြို့အနှံ့ တွေ့နေရသည်။


ငါးများကို ကန်ထဲထည့်ရုံမက ငါးထည့်သည့် ပလပ်စတစ်ကိုလည်း ကန်ထဲသို့ပင် ပစ်ကြသူ မရှားလှပါ။

လူတို့အတွက် အသုံးဝင်သော ပလပ်စတစ်အိတ်သည် ရေထဲသို့ ရောက်သည့်အခါ ငါးတို့ကို ကောင်းစွာ ဒုက္ခပေးနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်သူတို့က ပြောသည်။

ဧရာဝတီ
