Thursday, April 4, 2013

၂၀၁၃ ခုနှစ် သြဂုတ်လ အတွင်း ကယန်းအလှ ဇာတ်ကား ပြသသွားမည်

0 comments
ဧပြီ(၄)
၀၁၃ ခုနှစ်ရဲ့ အာဆီယံ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာThe Best Jury Award ဆုကို ရရှိခဲ့ပြီး ဒါရိုက်တာ အောင်ကိုလတ် ရိုက်ကူးတဲ့ ကယန်းအလှ ရုပ်ရှင်
ဇာတ်ကားကို ယခု ၂၀၁၃ ခုနှစ် သြဂုတ်လ အတွင်းမှာ ပြသသွားမှာ ဖြစ်တယ်လို့ ဧပြီလ ၃ ရက်နေ့က ရန်ကုန်မြို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ ကယန်း ရုပ်ရှင် ဇာတ်ကားနဲ့ ပတ်သက်ပြီး အတွေ့အကြုံများ ပြန်လည် ဆွေးနွေး တင်ပြတဲ့ အခမ်းအနားမှ သိရပါတယ်။

အဆိုပါ ကယန်းအလှ ရုပ်ရှင် ဇာတ်ကားမှာ ကယန်း တိုင်းရင်းသား တို့ရဲ့ ဘ၀နဲ့ Human Traffic ပြုလုပ်ခံရတဲ့ မိန်းမငယ် တစ်ဦး အကြောင်းကို ပုံဖော် ရိုက်ကူး ထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ အဲ့ဒီ ကယန်းအလှ ရုပ်ရှင် ဇာတ်ကားမှာတော့ သရုပ်ဆောင်သစ် ရို့စ်မေရီ မှ အဓိက ပါဝင် သရုပ်ဆောင် ထားပြီး ဒီမောစိုး၊ ဖန်ပဲ၊ ဖဲယ်ခုံ၊ လွယ်ကော်၊ တောင်ကြီး၊ အင်းလေး စတဲ့ ဒေသ တွေမှာ ရိုက်ကူး ထားတာ ဖြစ်ပါတယ်။ အဆိုပါ ကယန်းအလှ ဇာတ်ကား ကိုတော့ ဒါရိုက်တာ အောင်ကိုလတ်နဲ့ အမေရိကန် ဇာတ်ညွှန်းရေး ဆရာ Heactor Osvaldo Corosso တို့မှ ရိုက်ကူး ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါ ကယန်းအလှ ဇာတ်ကားဟာ ယခု ၂၀၁၃ ခုနှစ်ရဲ့ အာဆီယံ နိုင်ငံတကာ ရုပ်ရှင် ပွဲတော်မှာ The Best Jury Award ဆုကို ရရှိခဲ့ထား တာလည်း ဖြစ်ပါတယ်။ အခုလို ပြုလုပ်ခဲ့တဲ့ အခမ်းအနား မှာတော့ အဆိုပါ ကယန်းအလှ ဇာတ်ကားရိုက်ရာမှာ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲများ၊ အတွေ့အကြုံများ၊ ကြိုးစားခဲ့ရမှုများ အစရှိတာတွေ ပြောကြားခဲ့ပြီး အဆိုပါ ကယန်းအလှ ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်း အချို့ ကိုလည်း ပြသခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Myanmar Forward

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here