ယခင်
တပ်မတော်အစိုးရလက်ထက်တွင် ရှမ်းပြည်နယ်၏ အဓိက Sponser ဖြစ်သည့် KBZ Group မှ တောင်ကြီးရေကစားမဏ္ဍပ်အဖြစ်
ကျင်းပပြုလုပ်ခဲ့စဉ် နာမည်ကြီးတီးဝိုင်း များဖြစ်သော Iron Cross / Lazy Club တို့အား
ငှါးရမ်းပေးခဲ့သောကြောင့် တောင်ကြီးမြို့ သင်္ကြန်ပွဲတော်သည်အခြားမြို့ကြီးများ နည်းတူ
စည်ကားသိုက်မြိုက်မှုများ ရှိခဲ့သော်လည်း ယခုရှမ်းပြည်နယ်အစိုးရသစ် လက်ထက် တွင်
KBZ Group မှ ၀င်ရောက်ဆင်နွှဲတော့ခြင်း မရှိဘဲ နေပြည်တော်၊ရန်ကုန်မြို့ များတွ င်သာ
သွားရောက် ဆင်နွှဲ နေသောကြောင့် တောင်ကြီးသင်္ကြန်မှာ ယခင်ကကဲ့သို့ စည်ကားသိုက်မြိုက်မှု
မရှိတော့ကြောင်း တွေ့ရှိရပါတယ်။ ယခု တောင်ကြီးမြို့တွင် ရေကစားမဏ္ဍပ်များအား တည်ဆောက်လျှက် ရှိပြီး
ပါဝင်ဆင်နွှဲကြမည့် မဏ္ဍပ်(၇)ခုရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ(ဗဟိုမဏ္ဍပ်)၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ(ရွှေနေကြာမဏ္ဍပ်)၊
ပြည်ထဲရေး ၀န်ကြီးဌာနလက်အောက်ဌာ နများမှ(အိပ်မက်သင်္ကြန်မဏ္ဍပ်)၊ ပြည်နယ်စိုက်ပျိုးရေးနှင့်
မွေြး မူရေးဝန်ကြီး ဌာန မှ(စိုက်ပျိုးရေးမဏ္ဍပ်)၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ(စုပေါင်းမဏ္ဍပ်)၊
ပြည်သူ့စစ်/ ငြိမ်းချမ်းရေး အဖွဲ့ အစည်းများမှ (ငြိမ်းချမ်းရေးမဏ္ဍပ်)၊ Grand Royal ကုမ္ပဏီမှ(GrandRoyalမဏ္ဍပ်)တို့ဖြစ်ပါ တယ်။