Monday, November 4, 2013

လှေနစ်မြုပ်တဲ့အတွက် ရိုဟင်ဂျာ ၆၀ နီးပါးသေဆုံး ပျောက်ဆုံး

0 comments

4.11.2013

မြန်မာနိုင်ငံ ကမ်းရိုးတမ်းဒေသကနေ တခြားနိုင်ငံကို ခိုလှုံခွင့်တောင်းဖို့ လှေတွေနဲ့ ထွက်ခွာကြတဲ့ ရိုဟင်ဂျာ အယောက် ၇၀ နီးပါးရဲ့ လှေတိမ်းမှောက်ခဲ့ပြီး လူပေါင်း ၆ ယောက်ကိုသာ ကယ်တင်နိုင်ခဲ့ပါတယ်။

မလေးရှားနိုင်ငံကို ဦးတည်တဲ့ လှေပေါ်မှာ ရိုဟင်ဂျာ အမျိုးသား ၃၈ ယောက် အမျိုးသမီး ၂၈ ယောက် စုစုပေါင်း ၆၆ ဦးပါဝင်ပြီး ဘင်္ဂလားပင်လယ်အော်မှာ လှေတိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးတွေနဲ့ မွတ်စလင်တွေအကြား ပဋိပက္ခတွေ ဖြစ်ခဲ့ပြီးနောက် ရိုဟင်ဂျာမွတ်စလင်တွေ အမြောက်အများ အိမ်နီးချင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေကြရင်း လမ်းမှာ မတော်တဆဖြစ်ခဲ့လို့ သေဆုံးသူ ဒါမှမဟုတ် ပျောက်ဆုံးသူ အယောက် ၄၀၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။

ခုချိန်ဟာ မိုးကုန်ရာသီဖြစ်တဲ့အတွက် လှေတွေနဲ့ တခြားနိုင်ငံကို ထွက်ပြေးလိုတဲ့ မွတ်စလင်တွေ ဒီထက်မက ပိုမိုများပြားဖို့ရှိပြီး ပြီးခဲ့တဲ့ တပတ်အတွင်း လူပေါင်း ၁၅၀၀ လှေတွေနဲ့ ထွက်ခွာနေခဲ့ကြတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဒီလို အခြေအနေကြောင့် မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည် စခန်းအခြေအနေ တိုးတက်အောင်လုပ်ဆောင်ဖို့နဲ့ တဖက်နဲ့တဖက်ကြား ထားရှိတဲ့ တင်းမာမှုတွေကို လျော့ချရာမှာ လုပ်ဆောင်ဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here