Monday, April 22, 2013

ပုဂ္ဂလိကသတင်းစာဂျာနယ်(၄)စောင်တွင် ပါရှိသည့် သတင်းတစ်ပုဒ် နှင့် ပတ်သက်၍ လားရှိုးမြို့မဈေးကြီးအတွင်းမှ ပဲ့တင်သံများ

0 comments
ဧပြီ(၂၂)

၇.၄.၂၀၁၃ (တနင်္ဂနွေနေ့) ထုတ်စံတော်ချိန်နေ့စဉ်သတင်းစာ၊  ရွှေနိုင်ငံသစ်နေ့စဉ်သတင်းစာနှင့် ၂၀၁၃ ခုနှစ်၊ ဧပြီလ (၁၀) ရက် နေ့ထုတ်အရှေ့ရိုးမဂျာနယ်၊ ဧပြီ လ (၁၁) ရက်နေ့ထုတ် ဗီးနပ် သတင်းစာစောင်တို့တွင်ပါရှိသည့် “လားရှိုးတွင် သင်္ကြန်မဏ္ဍပ်ဆောက် လုပ်ရန်ဈေးဆိုင်ခန်းရှင်များအား  အဓမ္မငွေကောက်ခံနေရ”ဆိုသည့် သတင်းတစ်ပုဒ်နှင့် ပတ်သက်၍ လားရှိုးမြို့မဈေးကြီးရှိ ဈေးသူဈေး သားအများစုက သတင်းရေးသူနှင့် သတင်းဖော်ပြပေးသည့် သတင်း   စာနှင့် ဂျာနယ်များအပေါ် မကျေ မနပ်ဖြစ်နေကြကြောင်း သိရ သည်။
အဆိုပါသတင်းတွင် “လားရှိုး   မြို့တွင် မြို့မဈေးသင်္ကြန်မဏ္ဍပ်  ဆောက်လုပ်ရန်ဟုဆိုကာ လားရှိုး မြို့စည်ပင်မှ ဈေးခေါင်းနှင့် ဈေး အကျိုးတော်ဆောင်ဥက္ကဋ္ဌတို့က ဦးဆောင်ပြီး ဈေးဆိုင်ခန်းတစ်ခန်း  လျှင် အပေါ်ထပ် (၇၀၀၀) ကျပ်၊  အောက်ထပ် (၈၀၀၀) ကျပ် မထည့်မနေရသတ်မှတ်ချက်ဖြင့် လိုက်လံကောက်ခံနေကြောင်း” စသဖြင့်ရေးသားထားပါသည်။
“စံတော်ချိန်နေ့စဉ်သတင်းစာ တွင် “ခမ်းမြတ်” ဆိုတဲ့အမည်နဲ့ ရေးတယ်။ ရွှေနိုင်ငံသတင်းစာမှာ တော့ “ဂျွန်ချစ်ငြိမ်း (တောင်ကြီး) အမည်နဲ့ ရေးတယ်။ အရှေ့ရိုးမ ဂျာနယ်မှာလည်း ဂျွန်ချစ်ငြိမ်း (တောင်ကြီး) အမည်နဲ့ပဲရေးတယ်။ ဗီးနပ်သတင်းစာစောင်မှကြတော့  “ခမ်းမြတ် (ရှည်းပြည်)ဆိုတဲ့ အမည်နဲ့ ရေးတယ်။ အမည်အမျိုး  မျိုးနဲ့ ရေးပေမယ့် သုံးထားတဲ့ သတင်းဓာတ်ပုံကိုကြည့်တာနဲ့ တစ်ယောက်ထဲရေးတာဆိုတာ သိသာပါတယ်။ သတင်းစာဂျာနယ်  တိုက်တွေကို သတင်းစာမူတွေ ပေးပို့တဲ့အခါမှာ အခြားသတင်း စာဂျာနယ်တိုက်တွေကို မိတ္တူပေး ပို့ထားခြင်းမပြုရဆိုတဲ့ ကျင့်ဝတ် စည်းကမ်းတွေကို နားမလည်တာ လား။ ဒါမှမဟုတ် သတင်းရေးခ များများရချင်လို့ အခုလိုမရိုးမသား  လုပ်တာလားဆိုတာ မေးကြည့် ချင်တယ်ဗျာ။ “သတင်းစာဂျာနယ်  တိုက်တွေကိုလည်း သတင်းရှား သလား။ ဒီထက်အရေးကြီးတဲ့ သတင်းထည့်စရာမရှိတော့ဘူးလား လို့ မေးလိုက်ချင်ပါတယ်”ဟု ဈေး အကျိုးတော်ဆောင်တစ်ဦးကပြော သည်။
“ဒီသတင်းနဲ့ ပတ်သက်လို့ လားရှိုးမြို့မဈေးကြီးရှိ ဈေးသူဈေး  သားအများစုက လုံးဝလက်မခံ နိုင်ပါဘူး။ သတင်းထောက်က သူမေးချင်တဲ့သူ မေးပြီး ရေးလို့ရ သလား။ ကျွန်မတို့ ဗုဒ္ဓဘာသာဝင်  မြန်မာလူမျိုးတွေကို မေးခဲ့သလား။  သက်ဆိုင်ရာ မြို့နယ်စည်ပင်နဲ့ ဈေးရုံးက တာဝန်ရှိသူတွေကို မေးခဲ့သလား။ တစ်ယောက်မှ မတွေ့ခဲ့မမေးခဲ့ပါဘူး။ ဒီသတင်း ထောက်ဟာ ကျွန်မတို့နဲ့ လူမျိုးခြား ဘာသာခြားတစ်ယောက်ဖြစ်လိမ့် မယ်ထင်ပါတယ်။ ဒါကြောင့် ကျွန်မတို့လူမျိုးကျွန်မတို့သာယာ   ကျွန်မတို့ယဉ်ကျေးမှုလေ့ထုံစံကို မသိနာမလည်းပဲနဲ့ နှောက်ယှက်  ပျက်ဆီးတဲ့ အရေးအသားမျိုးရေး တာပေါ့”ဟု လားရှိုးမြို့မဈေးကြီး အတွင်း ဈေးရောင်းချနေသည့် ရှမ်းတိုင်းရင်းသူတစ်ဦးကပြော သည်။
ကျွန်တော်တို့ လားရှိုးက သတင်းထောက်မဟုတ်လို့ ကျွန်တော်တို့မြို့ကိုလာပြီး ဖွသွား တာပါ။ ဒါဟာ ကျွန်တော်တို့ လားရှိုးက သတင်းစာဆရာတွေ စာရေးဆရာတွေကို လားရှိုးမြို့သူ မြို့သားတွေ ဈေးသူဈေးသားတွေ က အထင်အမြင်လွှဲမှားသွားအောင် တမင်ကြံစည်လိုက်တာပါ။ သူတို့ တောင်ကြီးမှာလည်း ဌာနဆိုင်ရာ  တွေ၊ အသင်းအဖွဲ့တွေ၊ စီးပွားလုပ်  ငန်းရှင်တွေ၊ ဈေးသူဈေးသားတွေ၊ မြို့သူမြို့သားတွေဟာ အခုလိုပဲ အလှူငွေတွေ ကောက်ခံပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲကို အပြိုင်အဆိုင်ဆင်နွှဲကြမှာပါ။ ဒါတွေကို သတင်းထောက်ဆိုတဲ့ လူက မသိဘူးလား။ နားမလည် ဘူးလား။ သူများမြို့နယ်က သတင်းကို ခြေခြေမြစ်မြစ်နှံ့နှံ့စပ် စပ်သိအောင် မစုံစမ်းမလေ့လာပဲ နားစွန်နားဖျားကြားတဲ့စကားကို ရေးထားတာကို သတင်းလို့ဆိုနိုင်  ပါ့မလားလို့ မေးလိုက်ချင်တယ်”ဟု  လားရှိုးမြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌဦးညွန့်ဝကပြောသည်။
ဒီသတင်းကိုထည့်တဲ့ သတင်း  စာဂျာနယ်တိုက်တွေကလည်း ထည့်စရာသတင်းရှားသလားဗျာ။  ဒီသတင်းတစ်ပုဒ်ထဲကို သတင်းစာ  နှစ်စောင်ဂျာနယ်စောင်မှာထည့် ကြရတယ်ရယ်လို့။ ကျွန်တော်တို့ နိုင်ငံမှာ ဒီသတင်းထက်အရေးကြီး  တဲ့ သတင်းတွေတစ်ပုံတစ်ပင်ကြီး  ပါဗျာ။ မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်ပွဲတော်ဆိုတာ တစ်နှစ်မှ  တစ်ခါပဲ ကျင်းပရတာပါ။ မြို့နယ်  ဆိုလည်း မြို့နယ်အလိုက်ရပ်ကွက် ဆိုလည်း ရပ်ကွက်အလိုက်အသင်း  အဖွဲ့ဆိုလည်း အသင်းအဖွဲ့အလိုက်  သက်ဆိုင်ရာမြို့သူမြို့သား၊ ရပ်ကွက်သူရပ်ကွက်သား၊ အသင်း   ၀င်အဖွဲ့ဝင်တွေနဲ့ ဈေးသူဈေးသား   တွေက နှစ်သစ်ကူးအလှူငွေတွေ စုပေါင်းပါဝင်လှူဒါန်းကြပြီး စုတဲ့ အလှူငွေနဲ့ အပြိုင်အဆိုင်မဏ္ဍပ် တွေဆောက်၊ တီးဝိုင်းတွေ အဆိုတော်တွေငှား၊ အဆိုအက  တွေနဲ့ ဖျော်ဖြေ၊ စတုဒိယာတွေ ကျွေးမွေးပြီး နှစ်ဆန်းတစ်ရက်နေ့ ရောက်ရင် အန္တရာယ်ကင်းပရိတ် တရားတွေ ရွတ်ဖတ်၊ သံဃာတော် တွေကို လှူဒါန်းနဲ့ မြန်မာတစ်နိုင်ငံ  လုံးအပြိုင်အဆိုင်ဆင်နွှဲကြတာပါ။  လားရှိုးတစ်မြို့ထဲမဟုတ်ပါဘူး။ ဒါကိုသတင်းရေးချင်တယ်ဆိုရင် လည်း ပြည့်စုံအောင်စုံစမ်းမေးမြန်း  ပြီး ရေးပေါ့ဗျာ။ အခုတော့ အပြောမတတ်တော့ ဆဲသလို ဆိုတဲ့အတိုင်းအရေးမတတ်တော့  ကျုပ်တို့ဈေးသူဈေးသားတွေက စေတနာသဒ္ဓါတရားမရှိသလိုဖြစ် နေတာပေါ့။ ကျုပ်တို့လားရှိုးမြို့ မဈေးကြီးက ဈေးသူဈေးသားတွေ  ဟာ စေတနာသဒ္ဓါတရားမရှိကြ တဲ့သူတွေမဟုတ်ပါဘူး။ ဘာပွဲပဲ လုပ်လုပ်ရှေ့ဆုံးကပါဝင်လှူဒါန်းခဲ့ ကြတယ်ဆိုတာလားရှိုးမြို့မှာရှိတဲ့ စေတီပုထိုးတွေ ဘုန်းတော်ကြီး ကျောင်းတွေမှာ သွားစုံစမ်းကြည့် ရင် သိနိုင်ပါတယ်။ မလှူဘူးတဲ့ ဘုရား၊ မလှူဘူးတဲ့ကျောင်းဆိုတာ လုံးဝမရှိတာတွေ့ရပါလိမ့်မယ်”ဟု  လားရှိုးမြို့မဈေးကြီးတွင် ကုန်စုံ ဆိုင်ဖွင့်လှစ်ရောင်းချနေသူတစ်ဦး ကပြောသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့မဈေးကြီးမှ ဈေးသူဈေး  သားများ၏ ရင်ဖွင့်သံစကားအချို့  ဖြစ်သည်။ သင်္ကြန်မတိုင်မီ တစ်ရက်ကပြောကြားခဲ့ကြခြင်းဖြစ် သည်။ ယခုအခါ လားရှိုးမြို့မဈေး ကြီးမှ ဈေးသူဈေးသားများသည်  ဈေးအကျိုးတော်ဆောင်အဖွဲ့၏ ဈေးမိဈေးဖမှ ဦးဆောင်သော သင်္ကြန်ကျင်းပရေးကော်မတီ၏ ဦးမှုဖြင့် လားရှိုးမြို့နယ်စည်ပင် သာယာရေးအဖွဲ့၏ပူးပေါင်းပါဝင် ကူညီမှုဖြင့် ယခုနှစ်မြန်မာရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ကြီးကို နှစ်စဉ်နှစ်တိုင်းမပျက်မကွက် ကျင်းပခဲ့သည့်အတိုင်းလားရှိုးမြို့၊ မြို့နယ်ကျက်သရေအောင်မြို့တော်  ခန်းမကြီးရှေ့တွင် မဟာသင်္ကြန် ဆုပေးမဏ္ဍပ်ကြီးတစ်ခုကို ခမ်းနား ထည်ဝါစွာဆောက်လုပ်၍ သင်္ကြန်  ရက်များအတွင်း အဆိုအကများ ဖြင့် နေ့စဉ်ဖျော်ဖြေခြင်း၊ စတုဒီ သာအကျွေးအမွေးတို့ဖြင့် နေ့စဉ်   ကျွေးမွေးဧည့်ခံခြင်း၊ ပြိုင်ပွဲတွင် ယိမ်းအဖွဲ့များအား ဆုချီးမြှင့်ခြင်း စသည်တို့ဖြင့် စည်ကားသိုက်မြိုက်  စွာဆင်နွှဲကျင်းပခဲ့ရာလားရှိုးမြို့တွင်  အစည်းကားဆုံး၊ အခမ်းနားဆုံး သင်္ကြန်မဏ္ဍပ်ကြီးတစ်ခုအဖြစ် လားရှိုးမြို့သူမြို့သားများကြားတွင်   ရေ၀န်းစာလျက်ရှိပါကြောင်းနှင့် နောင်နှစ်များတွင်လည်း လားရှိုး   မြို့မဈေးကြီးကို တစ်နှစ်ထက်တစ်  နှစ်ပိုမိုစည်းကားသိုက်မြိုက်အောင် စုပေါင်းကြိုးပမ်းဆောင်ရွက်သွား ရန် ဆုံးဖြတ်ထားကြသည်ကို မီဒီ ယာလက်သစ်သတင်းထောက်ဂျွန်  ချစ်ငြိမ်း(တောင်ကြီး)အား သိစေ လိုကြောင်း လားရှိုးမြို့မဈေးကြီး မှ ဈေးသူဈေးသားများဆန္ဒ၊ ဈေး သူဈေးသားများအသံကို ပဲ့တင် သံအဖြစ်တင်ပြလိုက်ရပါသည်။

The Hot News Weekly Journal
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here