Thursday, April 25, 2013

ကချင်စစ်ဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ရန် လူမှုကူညီရေးကွန်ယက်(ရှမ်းတောင်/ကယား) အဖွဲ့ တောင်ကြီးမြို့ မှ ထွက်ခွာ

0 comments
ဧပြီ(၂၅)
လူမှုကူညီရေး ကွန်ယက်(ရှမ်းတောင်/ကယား) အဖွဲ့


ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၌ ဖွဲ့စည်းထားသောလူမှုကူညီရေး ကွန်ယက်(ရှမ်းတောင်/ကယား) အဖွဲ့သည် ကချင်ပြည်နယ်ရှိ စစ်ဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ရန် ဧပြီ(၂၄)ရက်ခန့် က တောင်ကြီးမြို့မှ ထွက်ခွာသွား ကြောင်းသိရသည်။

“ ကွန်ယက်အဖွဲ့က အဖွဲ့ဝင်(၄)ဦးပါသွားတယ်၊ ကချင်ပြည်နယ် လိုင်ဇာမြို့မှာရှိတဲ့ စစ်ဘေးသင့် တိုင်းရင်းသားပြည်သူတွေ ကို ကူညီထောက်ပံ့ဖို့သွားတာပါ၊ အလှူငွေကတော့ ကျပ်(၁၀၈)သိန်း၊ အ၀တ် အထည် အထုတ်က(၂၀)လောက်ပါသွားတယ၊် (၂၄)ရက်နေ့ နေ့လည်(၂)နာရီလောက်ကစပြီး တောင်ကြီး ကနေထွက်သွားပြီ ”  ဟု လူမှုကွန်ယက်အဖွဲ့ဝင်တစ်ဦးမှ ပြောကြားသွားခဲ့သည်။



၎င်းလူမှုကူညီရေးကွန်ယက်(ရှမ်းတောင်/ကယား)အဖွဲ့သည် တောင်ကြီးမြို့မှ မန္တလေး-လားရှိုး-မူဆယ် လမ်းကြောင်း အတိုင်း ကချင်ပြည်နယ်၊ လိုင်ဇာမြို့သို့ သွားရောက်မည်ဖြစ်ကြောင်းနှင့် အလှူငွေနှင့် ထောက်ပံ့အ၀တ်အထည်များအား စစ်ဘေးသင့် ပြည်သူများလက်ထဲသို့ တိုက်ရိုက်လှူဒါန်း မည်ဖြစ်ကြောင်း သိရှိရပါသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here