Wednesday, April 3, 2013

အိန္ဒိယတွင်လည်း ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်းရှိ

0 comments
ဧပြီ(၃)
အမေရိကန်ပြည်ထောင်စု အလယ်ပိုင်း Kanasas မြို့  မှာ Google က 1000mbps (1gbps) speed ရှိတဲ့ အင်တာနက်လိုင်းကို တည်ဆောက် တပ်ဆင်ပေး ထားပါတယ်။ Google Fiber Network ဖြစ်ပြီး ကမ္ဘာ့ အမြန်ဆုံး အင်တာနက်လိုင်း ရှိရာမြို့ အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။

ယခု ဒုတိယမြောက် ပေါ်ထွန်းလာတဲ့ မြို့  ကတော့ အိန္ဒိယနိုင်ငံက ဆိပ်ကမ်းမြို့  Kochi ဖြစ်ပါတယ်။ ဆက်သွယ်ရေးနဲ့ နည်းပညာ ကုမ္မဏီ တစ်ခု ဖြစ်တဲ့ Kerala မှ ဖန်တီးလိုက်ခြင်း ဖြစ်ပြီး အမေရိကန်နိုင်ငံက Google လိုင်းလိုပဲ 1Gbps အင်တာနက် ကော်နက်ရှင် ရပါတယ်။

နှစ်နာရီကြာတဲ့ HD ဗားရှင်း ရုပ်ရှင်ကို ၃၀ စက္ကန့်အတွင်း Download ဆွဲ နိုင်ပြီး Youtube က 1080 resolution ဗီဒီယိုကို ခွေထိုးကြည့် သလို ပေါ့ပေါ့ ပါးပါးကြည့်နိုင်လောက်အောင် မြန်ဆန်ကြောင်း သိရပါတယ်။

အေးချမ်းမွန်

--
Ref: techblog
 Aung Kham (TSJ team)

http://blog.techspace.com.mm/2013/04/blog-post_3.html

Re-Post By ACM 3-4-2013
အေးချမ်းမွန် Credit & Copy From >>TechSpace Journal << Thank

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here