Wednesday, April 3, 2013

အချစ်ရေးအကြောင်း ဖွင့်ဟလိုက်သည့် ကိတ်ဟတ်ဒ်ဆန်

0 comments
ဧပြီ(၃)
  • ချစ်သူဘဝတွင် (၈)ပတ်မျှ အကြာ၌ ကိုယ်ဝန်ရလာသော်လည်း မိမိတို့
    နှစ်ဦး၏ ဆက်ဆံရေးသည် အလွန် ခေတ်ဟောင်းဆန်ခဲ့ကြောင်း ကိတ်
    ဟတ်ဒ်ဆန်က ပြောကြားလိုက်သည်။

    ချစ်သူဘဝတွင် (၈)ပတ်မျှ အကြာ၌ ကိုယ်ဝန်ရလာသော်လည်း မိမိတို့ နှစ်ဦး
    ၏ ဆက်ဆံရေးသည် အလွန် ခေတ်ဟောင်းဆန်ခဲ့ကြောင်း ကိတ်ဟတ်ဒ်ဆန်
    က ပြောကြားလိုက်သည်။ Museအဖွဲ့၏ Rockဂီတကြယ်ပွင့် မတ်ဘယ်လာ
    မီနှင့် သူမတို့ကြား အချစ်ရေးကို ဟောလီးဝုဒ် မင်းသမီးက ဖွင့်ဟခဲ့ရာ သူမတို့ နှစ်ဦးသည် ရှေးရိုးထုံးစံနှင့် ဆက်နွယ်သော ထိတွေ့ချဉ်းကပ်
    မှုမျိုး ဖြစ်ခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

    သူမသည် ယခုအခါ ဘယ်လာမီနှင့် စေ့စပ်ထားပြီး အချစ်ရေးအပေါ် မှတ်ချက်ပေးခဲ့ရာ တသီးတသန့်ဆန်ပြီး ချစ်စရာ ရှေးရိုးဆန်ဆန် ဆုံတွေ့မှုများ ဖြစ်ခဲ့ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

    "ကျွန်မတို့ရဲ့ တွေ့ဆုံ ချစ်ကျွမ်းဝင်မှုက အရမ်းကို ခေတ်ဟောင်းဆန်ပါ
    တယ်။ အဆင့်တွေ၊ ကန့်သတ်ချက်တွေ ရှိခဲ့သေးတယ်။ ဒါပေမဲ့ ကျွန်မ (၈)ပတ်အကြာမှာ ကိုယ်ဝန်ရလာတယ်"ဟု ဟတ်ဒ်ဆန်က ဆိုသည်။ ဗြိတိန်ထုတ် Elle မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ဟတ်ဒ်ဆန်က "ကောင်း
    ပြီ။ ဒီအခြေအနေကို ကျွန်မ ကိုယ်တိုင်လည်း တုန်လှုပ်သွားမိတယ်။

    ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဒါဟာ စိတ်ဝင်စားစရာ နယ်ပယ်တစ်ခုလို့
    တွေးမိလာတယ်လေ"ဟု ပြောကြားခဲ့သည်။ ဘယ်လာမီနှင့် ဟတ်ဒ်ဆန်
    တို့သည် ချစ်သူဘဝ သက်တမ်းမကြာမြင့်မီ အတောအတွင်းမှာပင် မိဘ
    ဘဝအတွက် ကြိုတင် ပြင်ဆင်ခဲ့ကြရသည်။

    ဟတ်ဒ်ဆန်က "ဒီအခြေအနေကို လက်ခံဖို့ဆိုတာ ကြံ့ခိုင်တည်ငြိမ်
    တဲ့ ယောက်ျားတစ်ယောက် ဖြစ်ဖို့ လိုမှန်း ကျွန်မ သိပါတယ်။ ကိုယ်
    က ကိုယ်ဝန်ရှိလာပြီ ဆိုတာနဲ့ အရာရာ ပြောင်းလဲလာတယ်။

    ကိုယ်ကိုယ်တိုင်၊ ကိုယ့်ခန္ဓာကိုယ်က အစပေါ့လေ။ ဆုံးဖြတ်ချက်တိုင်း
    က ကြီးကျယ်လာတယ်။ ဘာပဲဖြစ်ဖြစ် ဘယ်လာမီဟာ ကျွန်မနဲ့အတူ ရှိနေခဲ့တယ်။ ခုတော့ (၃)နှစ် ကြာခဲ့ပြီလေ။ အကြောင်းပြချက် တစ်ခုအ
    တွက် အရာရာ ပြောင်းလဲ ဖြစ်ပေါ်ခဲ့သလိုပါပဲ"ဟုလည်း ပြောကြားခဲ့
    သည်။

    အသက်(၃၃)နှစ်ရှိ ဟတ်ဒ်ဆန်သည် (၂၀၁၀)ပြည့်နှစ်၊ နွေရာသီတွင် ဘယ်လာမီနှင့် ချစ်သူဖြစ်လာခဲ့ပြီး (၂၀၁၁)ခုနှစ်၊ ဇူလိုင်လတွင် သားဖြစ်
    သူ ဘရင်ဟမ် ဟွန်း ဘယ်လာမီကို ဖွားမြင်ခဲ့သည်။ ဟတ်ဒ်ဆန်သည် (၂၀၀၀)ပြည့်နှစ်က The Black Crowes အဖွဲ့မှ ဂီတသမား ခရစ်ရော်
    ဘင်ဆင်နှင့် လက်ထပ်ပြီး (၂၀၀၇)ခုနှစ်က ကွာရှင်းခဲ့သည်။

    Planet Myanmar Network
    အချစ်ရေးအကြောင်း ဖွင့်ဟလိုက်သည့် ကိတ်ဟတ်ဒ်ဆန်
Wednesday, April 3, 2013

ချစ်သူဘဝတွင် (၈)ပတ်မျှ အကြာ၌ ကိုယ်ဝန်ရလာသော်လည်း မိမိတို့

Source: DailyMail
Planet Myanmar Network

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here