ဧပြီ(၂၀)
သင်္ကြန်ရက်အတွင်း
ရေကစား၍ ရွာသို့ပြန်လာသော တန့်ယန်းမြို့နယ်မှ လူငယ်များအား မြန်မာ
စစ်တပ်က ဖမ်းဆီးကာ ၎င်းတို့စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်သွားသည်ဟု
အဖမ်းခံရသူများကပြန်လည်ပြောပြသည်။
စစ်ကြောင်းကြားညှပ်ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော သျှမ်းပြည်အလယ်ပိုင်းမှ ဒေသခံများပုံ
“ သင်္ကြန်ရက်တွေတုန်းက မိုင်းကောဝ်ကနေ နမ့်ပန်ချောင်းမှာရေသွားဆော့လာတဲ့ လူတွေကို နမ့်လောင်းဝ်ဂိတ် အထိ သူတို့စစ်ကြောင်း လုံခြုံရေး အဖြစ် မြန်မာ့စစ်ကြောင်းက ဖမ်းခေါ်သွားတယ်။သျှမ်းတပ်ဘက်က သူတို့စစ်ကြောင်းကိုမပစ် အောင် စစ်ကြောင်းကြား ညှပ်ပြီး ခေါ်သွားတာ။ အဲဒီနေ့မှာဘဲ ဆိုင်ကယ်အစီး ၅၀ လောက် ရှိ မယ် အဖမ်းခံရတာ” ဟု ချောဆွဲခံရသူလူငယ်စိုင်းပီး ကပြောသည်။
တန့်ယန်းမြို့နယ် (မိုင်းရှူး-တန့်ယန်းကားလမ်းကြား)ရှိ မိုင်းကောင်ဝ်အုပ်စုအရှေ့ဘက် ဝမ့်မူးဆေးရွာမှ နမ့်လောင်းရွာအထိ ၎င်းတို့စစ်ကြောင်းအတွက် လုံခြုံရေးအဖြစ်လိုက်ခိုင်းကြောင်း နမ့်လောင်းဝ်၌ကိစ္စအပြီး မိုင်းကောင်ဝ်သို့ပြန်လိုက်ပို့ ခိုင်းပြီးမှ သာ အဆိုပါလူငယ်များအား ပြန်လွှတ်ပေးကြောင်း အဖမ်းခံရသူလူငယ်တဦး၏ဖခင် လုံးစိုင်းကလည်းပြောသည်။
အလားတူ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့ကလည်း မိုင်းရှူး-တန့်ယန်းကားလမ်းမပေါ်တွင် ဗုံးတလုံးပေါက်ကွဲခဲ့သဖြင့် လူတဦးဒဏ်ရာရကာ တန့်ယန်းဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်ဟု တန့်ယန်းဒေသခံများပြောပြချက်အရသိရသည်။
ယခင်လက ရမခတိုင်းမှူးက တန့်ယန်း-မိုင်းရှူးကားလမ်းအရှေ့ဘက်ခြမ်းနှင့် သံလွင်မြစ်အနောက်ခြမ်း (သံလွင်မြစ်နှင့် ကားလမ်းကြား) အခြေစိုက် သျှမ်းပြည်တပ်မတော်၏ တပ်စခန်းများအားလုံး တပ်ဆုတ်ပေးရန်၊ မဟုတ်ပါက မိမိတို့မြန်မာ့ တပ်မတော်၏ နယ်မြေရှင်းလင်းရေးတပ်ဖွဲ့နှင့်ထိပ်တိုက်တွေ့နိုင်ပြီး တိုက်ပွဲများမလွဲမသွေ ဖြစ်ပွါးမည်ဖြစ်ကြောင်း သျှမ်းပြည်တိုးတက်ရေးပါတီအား သတိပေးပြောဆိုခဲ့သည်ဟုဆို၏။
စစ်ကြောင်းကြားညှပ်ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော သျှမ်းပြည်အလယ်ပိုင်းမှ ဒေသခံများပုံ“ သင်္ကြန်ရက်တွေတုန်းက မိုင်းကောဝ်ကနေ နမ့်ပန်ချောင်းမှာရေသွားဆော့လာတဲ့ လူတွေကို နမ့်လောင်းဝ်ဂိတ် အထိ သူတို့စစ်ကြောင်း လုံခြုံရေး အဖြစ် မြန်မာ့စစ်ကြောင်းက ဖမ်းခေါ်သွားတယ်။သျှမ်းတပ်ဘက်က သူတို့စစ်ကြောင်းကိုမပစ် အောင် စစ်ကြောင်းကြား ညှပ်ပြီး ခေါ်သွားတာ။ အဲဒီနေ့မှာဘဲ ဆိုင်ကယ်အစီး ၅၀ လောက် ရှိ မယ် အဖမ်းခံရတာ” ဟု ချောဆွဲခံရသူလူငယ်စိုင်းပီး ကပြောသည်။