Sunday, November 25, 2012

ကွေးနိုင်ဆန့်နိုင်ပြီး ပိုက်ဆံအိတ်အတွင်း၌ ပင်ခေါက်သိမ်းနိုင်သော စမတ်ဖုန်း ပုံစံသစ်တစ်မျိုး Samsung ပွဲထုတ်တော့မည်

0 comments
နိုဝင်ဘာ(၂၅)

 

ကွေးနိုင်ဆန့်နိုင်ပြီး ပိုက်ဆံအိတ်အတွင်း၌ ပင်ခေါက်သိမ်းနိုင်သော စမတ်ဖုန်း ပုံစံသစ်တစ်မျိုး Samsung ပွဲထုတ်တော့မည်

ပျော့ပျောင်းသော မျက်နှာပြင်ပါရှိပြီး ကွေးနိုင်ဆန့်နိုင်သည့် စမတ်ဖုန်းဒီဇိုင်း ပုံစံသစ်တစ်မျိုးကို Samsung ကုမ္ပဏီမှလာမည့်နှစ်တွင် ဈေးကွက်သို့တင်၍ ပွဲထုတ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

အဆိုပါမိုဘိုင်းလ်ဖုန်းအားပလတ်စတစ် သို့မဟုတ် သတ္တုကဲ့သို့ ကွေးနိုင်ဆန့်နိုင်သည့် အရာ ဝတ္ထုပေါ် တွင် OLED မီးသီးလေးများ တပ်ဆင်ပြုလုပ်ထားခြင်းဖြစ်ပြီး ၎င်းဖုန်းသည် ပိုက်ဆံအိတ်အတွင်း၌ ခေါက်ထည့်၍  သိမ်းထားနိုင်လောက်အောင်ပင် ပျော့ပျောင်းမှုရှိသည်။ထိုကဲ့သို့ ကွေးလွယ်ဆန့်လွယ်ပြီး ပျော့ပျောင်းသော မျက်နှာပြင်များပါရှိသည့် စမတ်ဖုန်း ဒီဇိုင်းပုံစံသစ်အား ထုတ်လုပ် နိုင်ရန်အတွကှ် Samsung ကုမ္ပဏီမှ အရှိန်မြင့်ကြိုးစားလုပ် ဆောင်လျက်ရှိသည်။
 
ထုတ်လုပ်မှုပုံစံသစ်၏ နောက်ဆုံးအဆင့်မှာ ကွေးနိုင်ဆန့်နိုင်သော မျက်နှာပြင်များ အားတီထွင် ထုတ် လုပ်ခြင်း  ဖြစ်ပြီး ၎င်းပုံစံသစ် စမတ်ဖုန်းများကို ၂ဝ၁၃ ခုနှစ်တွင် ပြည်ပသို့ ဖြန့်ချိရန် အသင့်ဖြစ်နိုင်ဖွယ် ရှိကြောင်း Samsung  ကုမ္ပဏီမှ ထုတ်ပြန်ကြေညာထားသည်။

OLED မီးသီးများ အသုံးပြုထားသော ကွေးနိုင်ဆန့်နိုင်သည့် မျက်နှာပြင်များတီထွင်နိုင်ရေးအ တွက်  လေ့လာ မှုပြုလုပ်ရာတွင် Samsung ကုမ္ပဏီ တစ်ခုတည်း သာမက ဆိုနီနှင့် အယ်လ်ဂျီ
ကုမ္ပဏီတို့ လည်းပါဝင်သည်။

သို့သော် Samsung ကုမ္ပဏီသည် ကွေးနိုင်ဆန့်နိုင်သော ဖုန်းထုတ်လုပ်မှု နည်းပညာတွင် ပထမဆုံး စတင်လုပ် ဆောင်နိုင်သည့် ကုမ္ပဏီဖြစ်ကြောင်း Well Street Journal တွင် ပြောကြား ထားသည်။

ကုမ္ပဏီ၏ လူသိများကျော်ကြားသော စမတ်ဖုန်းများ ထုတ်လုပ်ဖြန့်ချိမည့်နေ့ရက်ကိုမူ "S" ဆီးရီး တွင်ကြည့် ရှုနိုင်ပြီး ယခုမိတ်ဆက်ထားသောကွေးနိုင်ဆန့်နိုင်သည့် မျက်နှာပြင်နည်းပညာကို S4 စမတ်ဖုန်းများ တွင်
လည်းအသုံး ပြုနိုင်ဖွယ်ရှိကြောင်း ၎င်းဂျာနယ်တွင် အကြံပြုပြောကြားထားသည်။

Samsung ကုမ္ပဏီထုတ် အဆိုပါ ကွေးနိုင်ဆန့်နိုင်ပြီး ဖန်သားထက်ပေါ့ ပါးသည့် ပလတ်စတစ်မျက်နှာပြင် များ ပါဖုန်းများသည် အခြားသော ပြိုင်ဘက် ဖုန်းများနှင့်စာလျှင် ပို၍ပေါ့ပါးပြီးပိုမိုအသုံးခံသလို ဈေးနှုန်း
လည်းပို၍ သက်သာအောင် ပြုလုပ်ဖန်တီးလျက်ရှိ ခြင်းဖြစ်ကြောင်း သတင်းပေး ဖော်ပြလိုက်ရပါသည်။
 
မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here