ဧပြီ(၂၃)
ရှမ်းပြည်နယ်
တာချီလိတ် မြို့အထွက် မိုင်းဆတ်သွား လမ်းနှင့် မြို့ရှောင် လမ်းဆုံတွင်
ဧပြီ ၁၉ ရက် ညနေ ၅ နာရီခွဲ က မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ တာချီလိတ် မူးယစ် (အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ
သက်သေများနှင့် အတူ တာချီလိတ်မြို့ အထွက် မိုင်းဆတ်သွား လမ်းနှင့်
မြို့ရှောင် လမ်းဆုံ၌ ယာဉ်များအား ရပ်တန့် ရှာဖွေနေစဉ် အားနွေ ၃၆နှစ် (ဘ)
ဦးအာမူ ဖက်ဟိ(ထက်)ရွာ တာချီလိတ် မြို့နယ်နေ သူ မောင်းနှင်ပြီး နောက်တွင်
အားဟောင် ၅၃နှစ် (ဘ) ဦးအားဖာကချင်ရွာ တာချီလိတ် မြို့နယ်နေသူ
လိုက်ပါ စီးနင်းလာသော ဆိုင်ကယ်အား ရပ်တန့် ရှာဖွေ စစ်ဆေးရာ အားဟောင်
ဝတ်ဆင်ထားသော အင်္ကျီအိတ်ကပ် အတွင်းမှ ဘိန်းစိမ်း ၇၅ ဂရမ်အား ရှာဖွေ သိမ်းဆည်း
ရမိခဲ့သည် ။
ထို့ကြောင့် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ
အားဟောင်နှင့် အားနွေတို့ ၂ဦးအား တာချီလိတ် ရဲစခန်းမှ မယ(ပ)၃၃/၂ဝ၁၃၊
မူး/စိတ် ၁၅/၁၆(ဂ)/ ၂၁ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်း
ရရှိသည်။
မြ၀တီ