ဧပြီ(၈)
အင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဝင်းမြင့် |
ရှမ်းပြည်နယ်တောင်ပိုင်း၊
ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် အင်းလေးဟိုတယ်ဇုန် တည်ဆောက်ရေးနှင့် ပတ်သက်၍ မြေဆုံးရှုံးနေသောဒေသခံများက
လျော်ကြေးပေးပြီးမှသာ ဆက် လက် တည်ဆောက်ရန် ဧပြီ ၆ ရက်နေ့က တောင်းဆိုခဲ့သည်ဟု ဟိုတယ်ဇုန်လုပ်ငန်းခွင်မှ
ဝန်ထမ်း တစ်ဦး၏ ပြောပြချက်အရသိရသည်။
အင်းလေးဟိုတယ်ဇုန်တွင်
လုပ်ငန်းလုပ်ကိုင်နေသော ယန္တရားများအား လုပ်ငန်းမလုပ်ဆောင်နိုင်ရန် လူ(၃၀)ဦး ခန့်မှ
တားဆီးနေသည်ဟု သတင်းများထွက်ပေါ်နေ၍ အင်းတိုင်းရင်းသား လူမျိုးရေးရာ ၀န်ကြီးမှ အေပြီ ၆
ရက်နေ့တွင် ၎င်းဟိုတယ်ဇုန်သို့ ရောက်ရှိလာခဲ့ပြီး မြေပြင်အဖြစ်မှန်အား ဖြေ ရှင်းပေး ခဲ့သည်ဟု
မြို့ခံရုံးဝန်ထမ်း တစ်ဦးကပြောပြသည်။ ၎င်းကဆက်လက်၍ “ အင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး
ဦးဝင်းမြင့်ရောက်လာပြီး တားဆီးဆန္ဒပြနေတာမဟုတ်ဘဲ ရွာကထွက်လာတဲ့ ရွာသားတွေကို တားဆီးနေတာဖြစ်ကြောင်း
ရှင်းပြတယ်လို့ သိရပါတယ် ” ဟုပြောပြခဲ့ပါသည်။
အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့်
စက်ယန္တရားများအကြားတွင် ရှိနေသာ ရွာသူ၊ ရွာသား(၂၅) ဦး ခန့်တို့တွေ့ဆုံ ဆွေးနွေးခဲ့ရာ
ဟိုတယ်ဇုန်မြေနေရာနှင့် ပတ်သက်၍ ၎င်းတို့၏အခက်အခဲများကို တင်ပြခဲ့ကြသည်ဟု သိရှိ ရသည်။
“
အင်းလုပ်ငန်းနဲ့ ထမင်းရှာစားနေတဲ့ မိသားစုဝင်တွေက အိမ်ထောင်စု(၃၀)လောက်ရှိတယ်၊ အဲဒီ ထင်းခြံလုပ်
ကွက်တွေပါးသွားတော ဘာမှလုပ်စားစရာမရှိဘူး၊ ရေပိုက်လည်းပေါက်သွားတဲ့ အတွက် ရေလည်းအရင်ကလို
ပြန်ရချင်ပါတယ်၊ စားဝတ်နေရေး အခက်အခဲရှိနေတဲ့အတွက် ထင်းခြံ အတွက် အမြန်ဆုံးလျော်ကြေးလိုချင်ပါတယ်၊ လျော်ကြေးငွေပေးပြီးမှ လုပ်ငန်းဆက်လုပ်ဖို့ တင်ပြထား ပါတယ်၊ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး
ကနေတစ်ဆင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြပေး ဖို့တောင်းဆိုထားတာပါ ” ဟုအင်ကြင်းကုန်းရွာသား
တစ်ဦး၏ ပြောပြချက်အရသိရသည်။
ဟိုတယ်ဇုန်ဆောက်လုပ်ရာတွင်
မြေနေရာပါသွားသော အင်ကြင်းကုန်းနှင် တန်ပရွာမှ ရွာသူရွာသား များမှာ စားဝတ်နေရေး အခက်အခဲရှိနေပြီး
လျော်ကြေးငွေအမြန်ဆုံးရရန် မျှော်လင့်နေကြောင်း ဟိုတယ်ဇုန်ကို မလိုလား၍ ဆန့်ကျင်နေခြင်းမဟုတ်ဘဲ
မိသားစုစားဝတ်နေရေးကိစ္စများကို ဖြေရှင်း လို၍သာဖြစ်ကြောင်း သိရှိရပါသည်။