မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာကျော်ကြားသည့်
တိုင်းမ်(Time)မဂ္ဂဇင်း၏ ဆယ်စုနှစ်အတွင်း ကမ္ဘာ့ သြဇာအရှိဆုံးပုဂ္ဂိုလ်အဖြစ်
သတ်မှတ်ခံလိုက်ရပြီဖြစ်သည်။
ယင်းသို့ သတ်မှတ်ခြင်းခံနိုင်ရန်အတွက် တိုင်းမ်မဂ္ဂဇင်းမှ အွန်လိုင်းမဲပေးစနစ်ဖြင့် ကမ္ဘာတစ်ဝှမ်းရှိ ပရိသတ်များအား http://time100.time.com/2013/04/11/face-off-whos-the-most-influential/
တွင် ရွေးချယ်စေခဲ့ပြီး နောက်ဆုံးအဆင့်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်လေဒီဂါဂါတို့ တွေ့ဆုံခဲ့သည်။
နောက်ဆုံးအဆင့်မဲပေးခြင်းကို ဧပြီ၁၇ရက် မြန်မာစံတော်ချိန် ညနေပိုင်းတွင် ရပ်နားခဲ့ပြီး ယင်းအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှ ၆၁ရာခိုင်နှုန်း၊ လေဒီဂါဂါမှ ၃၉ရာခိုင်နှုန်ူး စသဖြင့် မဲများရရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်မှ အနိုင်ရရှိခဲ့သည်။
ယင်းပြင်ဆယ်စုနှစ်အတွင်း ကမ္ဘာပေါ်တွင် လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်များစာရင်း ရလဒ်ကို တိုင်းမ်မဂ္ဂဇင်းမှ အယ်ဒီတာအဖွဲ့ကဧပြီ ၁၈ရက်တွင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်းသိရသည
ပြည်သူ့ခေတ်