Thursday, April 18, 2013

မြန်မာကို ဒဏ်ခတ်ထားမှု ဥရောပသမဂ္ဂ ရုပ်သိမ်းတော့မယ်

0 comments


ဥရောပသမဂ္ဂက မြန်မာပြည်အပေါ် ဒဏ်ခတ် ပိတ်ဆို့ အရေးယူထားတာ အားလုံးကို နောက်တပတ်က စတင်ပြီး ရုပ်သိမ်းတော့မယ်လို့သိရကြောင်း ဗုဒ္ဓဟူးနေ့ရက်စွဲတပ် Reuters သတင်းတပုဒ်မှာ ရေးထားပါတယ်။

မြန်မာပြည်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ "ချီးကျူးဖွယ်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်"ကို အသိအမှတ်ပြုတဲ့အနေနဲ့ အဲဒီလို ရုပ်သိမ်းမှာဖြစ်တယ်၊ လက်နက်ရောင်းဝယ်မှုကိုတော့ ဆက်ပြီး ပိတ်ဆို့ထားမယ်လို့ သိရကြောင်း အဲဒီသတင်းက ဆိုပါတယ်။

ဒါကို မနေ့တုန်းက ဥရောပသမဂ္ဂ သံအမတ်များ သဘောတူလိုက်ကြတာ ဖြစ်ပြီး အစိုးရဝန်ကြီးများအဆင့် သဘောတူညီချက်ထွက်ပေါ်ဖို့ကိုတော့ လာမယ့် တနင်္လာနေ့အထိ စောင့်ဆိုင်းရပါမယ် တဲ့။

ဒဏ်ခတ်ပိတ်ဆို့တာတွေ ရုပ်သိမ်းလိုက်ပြီဆိုရင် ဥရောပက လုပ်ငန်းရှင်တွေ မြန်မာပြည်မှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ပိုပြီး အဆင်ပြေသွားမှာပါ။

စစ်ဗိုလ်ချုပ်တွေ အာဏာသိမ်း ဖိနှိပ် အုပ်ချုပ်မှုတွေကြောင့် ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့ထားတာပါ။
ဒဏ်ခတ်မှုတွေထဲမှာ မြန်မာပြည်က  ကုမ္ပဏီ၊ အဖွဲ့အစည်း တထောင်နီးပါးရဲ့ ငွေကြေးစီးဆင်းမှု၊ လုပ်ငန်းဆက်စပ်မှုတွေကို ပိတ်ဆို့ခြင်း၊ စစ်ဗိုလ်ချုပ်များ၊ သူတို့နဲ့ နီးစပ်သူများ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ပြည်ဝင်ခွင့် ပိတ်ပင်ခြင်း စသဖြင့် ပါဝင်နေပါတယ်။

မနှစ်က နှစ်ဆန်းပိုင်းမှာ ဒဏ်ခတ်ပိတ်ဆို့မှုတချို့ကို ရုပ်သိမ်းပေးရာမှာ သမ္မတ၊ ဒု သမ္မတ၊ နေပြည်တော် လွှတ်တော် ဥက္ကဋ္ဌများ၊ အစိုးရအဖွဲ့ဝင်များကို ပြည်ဝင်ခွင့်ဗီဇာ ပြန်ဖွင့်ပေးခဲ့ပါတယ်။ 
ဥရောပသမဂ္ဂက ပိတ်ဆို့မှုတွေ ရုပ်သိမ်းချင်တာ ကြာပြီလို့ ယူဆရပါတယ်။
ပြုပြင်ပြောင်းလဲရေး မြန်မြန်လုပ် များများလုပ်ဖို့ သူတို့ဆီက ခေါင်းဆောင်များက မြန်မာဗိုလ်ချုပ်တွေကို တချိန်လုံး ပြောနေကြကြောင်း သတင်းများမှာ ဖတ်ခဲ့ကြရမှာပါ။

၂၀၁၀ ရွေးကောက်ပွဲဖြစ်မြောက်ခဲ့တာကိုလည်း သူတို့ အင်မတန် အားရကျေနပ်ခဲ့ကြမှာပါ။ ရွေးကောက်ပွဲအပြီး သိပ်မကြာခင်ြ
ပီးခဲ့တဲ့နှစ် ဒီအချိန်မှာ
ဥရောပသမဂ္ဂအဖွဲ့ရုံးကို ရန်ကုန်မြို့မှာ ဖွင့်ခဲ့ပါတယ်။
ဧရာဝတီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here