ရှမ်းးပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် ၊ ကောင်းကြဲအုပ်စု ၊ ခိုက်ချဉ်
ကျေးရွာ အတွင်းရှိ အလိုတော်ပြည့် စွယ်တော် ဓမ္မရိပ်သာ ကျောက်တိုက် အတွင်း၌ ကိုးတောင်ပြည့် ကျိုက်ထီးရိုး
စေတီတော် ပုံတူ တည်ထေား ကိုးကွယ်လျက် ရှိကြောင်း သိရသည်။ အဆိုပါ ကျိုက်ထီးရိုး ပုံတူ
စေတီတော် ကို လားရှိုးမြို့နယ် ၊ ကောင်းကြဲ အုပ်စု ၊ ခိုက်ချဉ် ကျေးရွာမှ ဘုရား ဒါယကာ
ဦးညွန့်မောင် ၊ ဘုရား ဒါယိကာမ ဒေါ်ငြိမ်း မိသားစု မှ မတည်ငွေ ကျပ်သိန်း ၁၀၀ ဖြင့် အမြင့်
၃၈ ပေ ရှိသော ကျောက်ဆောင် အား အောက်ခံ ထား၍ ကျောက်ဆောင် အထက်တွင် ကိုးတောင်ပြည့် ကျိုက်ထီးရိုး
ပုံတူ စေတီတော် အား တည်ထား ကိုးကွယ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။
မြ၀တီ