Monday, April 8, 2013

တန့်ယန်းရှိ စစ်ဘေးဒဏ်ခံ ပြည်သူများအား SNLD မှ သွားရောက်ကူညီ

0 comments
ဧပြီ(၈)


 
မကြာမီ ကာလအတွင်းက လက်ရှိအစိုးရသစ်နှင့် အပစ်အခတ် ရပ်စဲထားခဲ့ကြသော ရှမ်းပြည်တပ်မတော် SSA/SSPP တပ်ဖွဲ့များနှင့် အစိုးရ တပ်မတော်အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပေါ်နေလျက်ရှိရာ အဆိုပါ ဒေသအနီး နေထိုင်နေကြသည့် ပြည်သူများသည် မိမိတို့၏ အိုးအိမ်နှင့် လယ်ယာလုပ်ငန်းများကို စွန့်ခွာပြီး တန့်ယန်းမြို့ပေါ်သို့ စစ်ဘေးဒဏ်ကို တိမ်းရှောင် လာကြရပါသည်။
 
ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ အများစု ပါဝင်သော စစ်ဘေးဒုက္ခသည် တစ်ထောင် နီးပါးခန့် တို့သည် ဘုန်းကြီးကျောင်းများတွင် ဖြစ်သလို နေထိုင် နေကြရကြောင်း သိရှိရသည်။ အဆိုပါ စစ်ဘေးရှောင် ဒုက္ခသည်များအား SNLD ပါတီ၏ ဗဟိုလူငယ် ရေးရာအဖွဲ့ဝင် စိုင်းဆိုင်မိန်း ဦးဆောင်ပြီး လားရှိုးမြို့နယ် SNLD ပါတီအဖွဲ့ဝင်များ၊ ပရဟိတလုပ်ငန်းကို စိတ်ပါဝင်စားသူများနှင့် အတူ ဧပြီလ (၇) ရက်နေ့တွင် တန့်ယန်းမြို့သို့ သွားရောက် ကူညီခဲ့ပါသည်။
 
ဆေးဝါးများ၊ ပစ္စည်းများ အပါအဝင် စုစုပေါင်း အလှူငွေ (၄၇) သိန်း တန်ဖိုးအား တန့်ယန်းမြို့ ကန်ဝိန်း ဘုန်းတော်ကြီးကျောင်း၊ အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်း တို့တွင် ပေးအပ် လှူဒါန်းခဲ့ကြပါသည်။ စစ်ဘေး ထွက်ပြေးတိမ်းရှောင် လာသူများတွင် အများစုမှာ လွယ်စေးနယ်ထဲမှ ပြည်သူလူထု များ ဖြစ်ကြပြီး ရှမ်း၊ ပလောင်၊ ဝ တိုင်းရင်းသားလူမျိုးများ ဖြစ်ကြသည်။
 
၎င်းအထဲတွင် ပလောင် တိုင်းရင်းသားများက အများဆုံးဖြစ်ကြသည်။ ကယ်ဆယ်ရေး စခန်းတစ်ခု တွင် တွေ့မြင်ခဲ့ရသည်မှာ ပြည်သူပေါင်း ၄၁၆ ယောက်ရှိပြီး ၄င်းအထဲတွင် ၂ နှစ်အောက် ကလေး ငယ်ပေါင်း ၄၅ ဦးနှင့် ၁၂ နှစ်အောက် ကလေးငယ်ပေါင်း ၂၀၀ ကျော် ပါဝင်ပါသည်။ ကျန်းမာရေးဆိုင်ရာ စစ်ဆေးချက်များအရ ကလေးများတွင် ချောင်းဆိုး ရောဂါနှင့် ဝမ်းလျှော ရောဂါဖြစ်ပွားမှုနှုန်း များပြား လျက် ရှိသည်ဟု သတင်းရရှိပါသည်။
 
PALAUNG NATIONAL SOCIETY
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here