ဧပြီ(၁၅)
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
နမ့်စန်မြို့နယ်တွင် ဧပြီ ၁၀ ရက်နေ့မှ စ၍ SSA (ယွက်စစ်)အဖွဲ့က ထော်လာဂျီပိုင်ရှင် များထံမှ
အခွန်ငွေများတောင်းခံထားသည်ဟု သိရသည်။
နမ့်စန်မြို့နယ်၊
လွယ်လကျေးရွာအုပ်စု၊ ဖာဆွမ့်ကျေးရွာအနီးတွင်လှုပ်ရှားနေသော SSA (ယွက်စစ်)အဖွဲ့မှ ခိုလမ်-ကျိုင်းတောင်း ကားလမ်းမကြီး၏
အနောက်ဘက်ခြမ်းရှိ ခိုလမ်မြို့နယ်ခွဲအပါအ၀င် ကျေးရွာများတွင် ထော်လာဂျီ ပိုင်ရှင်များအား
ဧပြီ ၁၀ ရက်နေ့မှ ၁၇ ရက်နေ့ထိ နောက်ဆုံး၍ အခွန်ငွေများတောင်းခံခဲ့ကြောင်း၊ ထော်လာဂျီအသေး
၁စီးလျင် ၃၅၀၀၀ ကျပ်၊ အကြီး ၁ စီး လျင် ၈၀၀၀၀ ကျပ်၊ ထော်လာဂျီ လေးလုံးထိုး ၁ စီး လျင်
၁၀၀၀၀၀ ကျပ်၊ ခြောက်လုံးထိုး ၁ စီးလျင် ၁၅၀၀၀၀ ကျပ်ဖြစ်ပြီး လာမည့် နှစ်သစ်အတွက် တစ်နှစ်စာ ကြိုတင်အခွန်တောင်းခံခြင်း ဖြစ်ကြောင်း ဒေသခံထော်လာဂျီပိုင်ရှင် တစ်ဦး ၏ ပြောပြချက်အရသိရှိရသည်။
SSA
(ယွက်စစ်)အဖွဲ့အနေဖြင့် မြန်မာနှစ်သစ်ကူးသင်္ကြန်ရေပွဲတော်ဆင်နွဲနေကြသည့် ဒေသခံပြည်သူများထံမှ
အခွန်ငွေ တောင်းခံခြင်းသည် အရုပ်ဆိုးအကျဉ်းတန်သော လုပ်ရပ်ဖြစ်ပြီး ဗုဒ္ဓဘာသာလူမျိုးအနေနဲ့
ကုသိုလ်ယူ လုပ်နေကြသော ပြည်သူများအပေါ် စိတ်အနှောင့်အယှက်ဖြစ်အောင်ပြုလုပ်ခြင်းသာဖြစ်ကြောင်း၊
သာမန်စီးပွား ရှာနေသော ထော်လာဂျီ ပိုင်ရှင်များထံမှ အခွန်ငွေများတောင်းခံခြင်းကို ဒေသခံများက
SSA(ယွက်စစ်)အဖွဲ့ သည်ကိုယ့် တိုင်းရင်းသား အချင်းချင်းအပေါ် အနိုင့်ကျင့်ဗိုလ်ကျနေသော
အဖွဲ့ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးဆွေး နွေးပွဲမှ သဘောတူညီမှုများကို ခုတုံးလုပ်ပြီး
ကိုယ်ကျိုးတစ်ခုတည်းသာ ကြည့်နေသော အဖွဲ့အစည်းဖြစ် ကြောင်း ဒေသခံ များ၏ ပြောပြချက် အရ
သိရှိရပါသည်။
စော်ဘွားလေး(Facebook)