Monday, April 15, 2013

တောင်ကြီးမြို့၊ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် WY စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

0 comments

ဧပြီ(၁၅)



ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တောင်ကြီးမြို့ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဧပြီ(၁၄)ရက်နေ့ မနက်ပိုင်းက ဌာန ဆိုင်ရာ ပူးပေါင်းအဖွဲ့မှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ဧပြီ(၁၄)ရက်နေ့ မနက် (၁၀)နာရီချိန်တွင် ဟိုပုံးမြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ် တစ်စီးအား ရပ်တန့်ရှာဖွေစစ်ဆေးရာ ဆိုင်ကယ်သမား အိုက်စောလွယ်ထားသော လွယ်အိတ်အတွင်း ရှမ်းစာတမ်းပါ အထုတ်ကြီး (၂)ထုတ်ကိုတွေ့ရှိသဖြင့် ဖွင့်ဖောက်စစ်ဆေးသောအခါ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြား(၁၉၀၅၀)ပြား၊ ကာလတန်ဖိုး (၇၈၆၀၀၀၀၀)အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

၎င်းတရားခံအား တောင်ကြီးအမှတ်(၁)ရဲစခန်းမှ မူးယစ်ဆေးဝါးလက်ဝယ်သယ်ဆောင်မှုဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း၊ ၎င်း၏ထွက်ဆိုချက်အရ ကွင်းဆက်တရားခံဖြစ်သော တောင်ကြီးမြို့၊ ၀ါးပြားလမ်းဆုံတွင် နေထိုင်သူ ကိုမျိုးဆိုသူအား ဖမ်းဆီးရမိရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

စော်ဘွားလေး(Facebook)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here