Tuesday, May 21, 2013

တာချီလိတ် လွယ်စတုံးရွာတွင် စိတ်ကြွဆေးပြားများဖမ်းဆီးရမိ

0 comments
မေလ ၂၁ ရက်

တာချီလိတ်မြို့နယ် ဟောင်လိတ်အုပ်စု၊ လွယ်စတုံး အပေါ်ရွာအ၀င် ပြည်သူ့စစ်ဂိတ်တွင် မေလ ၁၉ရက်နေ့ နံနက် ၁၀နရီခွဲခန့်တွင် စိတ်ကြွဆေးပြားများဖြင့် ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရ ပါသည်။ 

တာချီလိတ် မူးယစ်အထူးအဖွဲ့နှင့်ပူးပေါင်းအဖွဲ့များမှ တာချီလိတ်မြို့နယ် ဟောင်လိတ်အုပ်စု၊ လွယ်စတုံး(အပေါ်)ရွာ အ၀င် ပြည်သူ့စစ်ဂိတ်တွင် စစ်ဆေးရှာဖွေနေစဉ် ပန်နယ်ရွာဘက်မှ တာချီလိတ်ဘက်သို့ လာသော ဆိုင်ကယ်စီးလာ သော ကိုကျတော့အား ရပ်တန့်စစ်ဆေးရာ ၎င်းလွယ်ထားသော အိမ်အတွင်းမှာ စိတ်ကြွဆေးပြားများကို ရှာဖွေ ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါသည်။

ဖမ်းဆီးရမိသော ကိုကျတော့အား တာချီလိတ်ရဲစခန်းမှ စစ်ဆေးမေးမြန်းချက်ရ ၎င်း၏ယောက္ခမ ဖြစ်သူ ဦးအယ်ခါးစီးထံမှ ၀ယ်ယူပြီး တာချီလိတ်ရှိ သုံးစွဲသူများကိုရောင်းချရန်ဖြစ်ကြောင်း၊ ဦးအယ်ခါးစီးဟ အိမ်တွင် ရှာဖွေရာ စိတ်ကြွဆေးပြား ၂၀၀ ထုတ်ပါ ၂ထုတ်နှင့် ထိုင်းဘတ်ငွေ (၅၅၀၀) အားသိမ်းဆည်းရမိကြောင်း မူးယစ်ဆေးဝါးဖမ်းဆီရမိသူ ၂ဦးက မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှုနှင့် ရောင်းချမှုအရ အရေးယူမှုပြုလုပ်ရန် စီစဉ်နေကြောင်း တာချီလိတ်ရဲစခန်းနှင့် နီးစပ်သူတစ်ဦးထံမှသိရှိရပါသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here