Friday, May 3, 2013

ခရီးသွားလုပ်ငန်းတွင် နိုင်ငံခြားသား ဖက်စပ်လုပ်ကိုင်နိုင်ခြင်းအပေါ် အငြင်းပွားမှု ပြင်းထန်

0 comments
မေ(၃)ရက်

ရန်ကုန် (မဇ္ဈိမ)။ ။ ခရီးသွားလုပ်ငန်းအား နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ဖက်စပ် လုပ်ကိုင်ခွင့် ပေးခြင်းအပေါ် ခရီးသွား လုပ်ငန်းရှင်များအကြား သဘောထား မတိုက်ဆိုင်မှုများ ဖြစ်ပွားလျက် ရှိကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

Ruby Land Tourism Services Co.Ltd၏ မန်နေးဂျင်း ဒါရိုက်တာ ဦးအေးကျော်က “ လုပ်ငန်းရှင် အများစုက ခရီးသွားလုပ်ငန်းကို နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ဖက်စပ်လုပ်ကိုင် ခွင့်ပြုတာကို ကန့်ကွက်ကြောင်းစာကို လွှတ်တော်အထိ တင်ထားတယ်။ လွှတ်တော်က ၀န်ကြီးဌာနကို ခရီးသွားလုပ်ငန်းရှင် အားလုံးရဲ့ သဘောထား ဆန္ဒခံယူတင်ပြဖို့ ညွှန်ကြားထားတယ် ” ဟုပြောသည်။

ထိုသို့ ညွှန်ကြားထားသော်လည်း ခရီးသွားလုပ်ငန်းရှင် အသင်းသာလျှင် ဆန္ဒတောင်းခံထားပြီး ဧပြီလ ၂၈
နေ့က ပြုလုပ်ခဲ့သည့် ခရီးသွားလုပ်ငန်းရှင် အသင်း သင်းလုံးကျွတ် အစည်းအဝေးတွင် ဆန္ဒခံယူတာ မလုပ်ခဲ့ဟု ဆိုသည်။ ထို့အပြင် တရားဝန်ခရီးသွား လုပ်ငန်းများမှာ တထောင်ကျော်ရှိပြီး အသင်းဝင်ပေါင်း ၅၀၀ ကျော်ရှိကြောင်း ဦးအေးကျော်မှ ရှင်းပြခဲ့သည်။

ခရီးသွား လုပ်ငန်းရှင်အများစုက ကန့်ကွက်ကြောင်း ပြောဆိုသော်လည်း အမှန်တကယ် အနည်းအများကို တိတိကျကျမပြောနိုင်ကြောင်း၊ အများစု၏ သဘောဆန္ဒအတိုင်းသာ ဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးနှောင်းနှောင်းဟန်က ပြောသည်။

၎င်းက “ ခရီးသွားလုပ်ငန်းကို နိုင်ငံခြားသားကို ဖက်စပ် လုပ်ကိုင်ခွင့်ပေးတာကို ထောက်ခံတဲ့လူတွေလည်း များပါတယ်။ ခရီးသွားလုပ်ငန်းရှင် အသင်းအသစ် ရွေးချယ်တဲ့ အမှုဆောင်တွေထဲမှာ ကန့်ကွက်တဲ့လူ
နှစ်ယောက်လောက်ပဲ ပါတယ်။ အသင်းအနေနဲ့ ဘယ်ကိစ္စမဆို ဒီမိုကရေစီနည်းနဲ့ မဲခွဲဆုံးဖြတ်သွားမှာပါ ” ဟု ဆက်လက်ပြောသည်။

နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများ ၀င်လာပါမှ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာမည် ဖြစ်ပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးပါမှ တိုင်းပြည်တိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိနိုင်ငံသား၏ အကျိုးစီးပွားကို ကာကွယ်မည့် ဥပဒေများ ပြဌာန်းပေး
နိုင်လျှင် မည်သည့်နိုင်ငံခြားသား လာရောက်ပါစေ ပြဿနာ မရှိနိုင်ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းမှ အတွင်းရေးမှူး ဦးကိုကိုလတ်က ရှင်းပြသည်။

ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတို့မှာ ခရီးသွားလုပ်ငန်းများတွင် နိုင်ငံခြားသား ဖက်စပ်လုပ်ကိုင်ခြင်းအတွက်နိုင်ငံခြားသား အား ၄၉ ရာခိုင်နှုန်း၊ ပြည်တွင်းလုပ်ငန်းရှင်အား ၅၁ ရာခိုင်နှုန်းပေး ထားကြောင်း၊ နိုင်ငံခြားသားကို ခရီးသွားလုပ်ငန်း ဖက်စပ်လုပ်ကိုင်ခွင့်ပေးခြင်းထက် တိုင်းရင်းသား လုပ်ငန်းရှင်များကို အစိုးရအနေဖြင့် ပံပိုးကူညီပေးသင့်ကြောင်း Nature Dream Travel & Tours Co.Ltd ၏ မန်နေးဂျင်းဒါရိုက်တာ ဒေါ်စံပယ်အောင်က သူ့အမြင်ကို ပြောသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင်၏ အမိန့်ကြေညာစာ အမှတ် ၁/၂၀၁၃ တွင် နိုင်ငံသား နှင့် ဖက်စပ်စနစ်ဖြင့်သာ ဆောင်ရွက် ခွင့်ပြုသည့် စီးပွါးရေးလုပ်ငန်းစာရင်းတွင် ခရီးသွားလုပ်ငန်း ပါဝင်ပြီး အမျိုးသားစီမံကိန်းနှင့် စီးပွါးရေး ဖွံဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု နည်းဥပဒေတွင် နိုင်ငံခြားသားသည် တားမြစ်သည့် လုပ်ငန်း (သို့မဟုတ်) ကန့်သတ်သည့်လုပ်ငန်းများကို နိုင်ငံသားနှင့် ဖက်စပ်လုပ်ကိုင်ပါက နိုင်ငံခြား မတည်
ငွေရင်းအချိုးသည် စုစုပေါင်း ရင်းနှီးမြှပ်နှံမှု၏ ၈၀ ရာခိုင်နှုန်းထက် မကျော်လွန်စေရဟု ပါရှိသည်။

Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here