Thursday, May 23, 2013

နန်းဆုကေဆွမ်၏ ခန္ဓာကိုယ် အ၀လွန်ခြင်းကို ထိန်းသောအစာစားနည်း

0 comments

မေလ ၂၃ ရက်
 
ကျွန်မရဲ့ ခန္ဓာကိုယ်အ၀လွန်ချင်းကို ထိန်းထားသော အစာစားနည်းကတော့ ပုံမှန်စိတ်ကို အလိုလိုက်ပြီး စားတတ်တဲ့အကျင့်ကိုပြောင်းပြီး အစာကိုချင့်ချိန်ပြီးစားနည်းပဲဖြစ်ပါတယ်
အရင်တုန်းက ခန္ဓာကိုယ်နဲ့စိတ်အကြောင်းကို နားမလည်ခဲ့တဲ့အတွက် စိတ်ကိုအလိုလိုက်ပြီးစားတယ်
ခန္ဓာကိုယ်ကို ငြင်းဆဲပြီး အစာငတ်ခံတဲ့အကျင့်တွေလုပ်ခဲ့ပါတယ်။ 

အဲ့ဒါတွေဟာ တစ်ခုမှမအောင်မြင်ခဲ့ပါဘူး
ဝိတ်ကျတဲ့အခါတအားကျပြီး ၀ိတ်တတ်တဲ့ အခါတအား တတ်ခဲ့ပါတယ်။ အဲ့ဒီအကျင့်တွေက ကိုယ်ခံအားမကောင်းဘူး။ ကြွတ်သားအားနည်းပြီး ထလာရင် လူက နှုံးနေတယ်။ နှလုံးတုန်တယ်။
စိတ်မကြည်ဘူး။ အမြဲစိတ်တိုနေတတ်တယ်။ အသက်အရွယ်ထက်ပိုပြီးမြန်စေတယ်။

အခုယောဂကျင့်စဉ်တွေကျင့်လာပြီး နောက်ပိုင်း မကောင်းတဲ့ အကျင့်တွေကိုပြောင်းလိုက်တယ်
အစာကိုညက်အောင်ဝါးတဲ့အကျင့်လုပ်ပေးတယ်။ အစာစားစဉ်ရေတလုတ် ထမင်းတလုတ် စားခြင်းကိုရှောင်တယ်။ အစာစားနည်းတွေလဲ ပြောင်းလိုက်တယ်။ နံနက်စာကိုဝအောင်စားတယ် မစားနိုင်ရင်တောင်မှ ဒိန်ချဉ် (သို့) အသီးအရွက်ဖျော်ရည်လေးသောက်ဖြစ်
တယ် တစ်ခါကလည်းMRTV မှာလွှင့်တဲ့ ”ယဉ်တကိုယ်မယ်” အစီစဉ်ထဲမှာ ထည့်ပြောထားတော့ ဖုန်းဆက်ပြီးမေးကြတယ်

အခုလည်း Face Book မှာထပ်ပြီးပါဝင်တဲ့ ပစ္စည်းတွေကို ပြောပြပါမယ်။ နံနက်စာကိုဝအောင်စားတော့
အစာအိမ်အားကောင်းလာတယ်။ ၀မ်းမှန်လာတယ်။ အ၀လွန်ခြင်းကိုလဲ သက်သာစေတယ်
စောစောအိပ် စောစောထ တဲ့အကျင့်ကိုလုပ်ပေးတော့ ကိုယ်ခံအားကောင်းလာတယ်
ခန္ဓာကိုယ်အတွင်းပိုင်းမှာရှိတဲ့ အစိတ်အပိုင်းတွေကောင်းလာတယ် စိတ်ဖိစီးမှုသက်သာလာတယ်
ခန္ဓာကိုယ် အစိတ်အပိုင်းအလုပ်လုပ်သွားတဲ့ပုံကိုတော့ စိတ်ရောကိုယ်ပါကျမ်းမာစေမည့်
နန်းဆုကေဆွမ် ယောဂ ကျင့်စဉ် စာအုပ်ထဲမှာ အသေးစိတ်ရေးထားပါတယ်
ဓာတ်ကြီးလေးပါးနှင့် ညီမျှအောင် အစားအစာနည်းလည်းပါတယ်။ကိုယ့်ရဲ့
ဓာတ်နဲ့ ကိုက်ညီမယ့်အစားအစာကို စားပေးခြင်းအားဖြင့် ရောဂါတွေကင်းစေပါတယ်။

စိတ်နှင့်ရုပ်ကြည့်လာတော့
မိမိ ကိုယ်ကိုမှာ ယုံကြည့်မှုရှိလာမည်။ စည်းကမ်းရှိလာမည်။ မိမိ စိတ်နဲ့ကိုယ်ပေါ်မှာယုံကြည်မှုရှိလာမည်
စည်းကမ်းရှိလာမည်။ မိမိစိတ်နဲ့ ခန္ဓာကိုယ် ပေါ်မှာပိုပြီးရိုးသားလာမယ်။ ရောဂါဖြစ်အောင်အစားနဲ့
သစ္စာမဖောက်တော့ဘူး။ မကျန်းမာရင် ဘာမှမကောင်းဘူး။ ရုပ်နဲ့ စိတ်ဓာတ်တွေကျဆင်းလာမယ်
ငွေကုန်ကျေးကျလည်းများမယ်။

ဓားပြတိုက်သလို ငွေကုန်သွားတယ်။ ဆေးစွဲသောက်တာလည်းကောင်းတာ မဟုတ်ဘူး။ ကိုယ်ခံအားလျှော့နည်းစေတယ်။ ခန္ဓာကိုယ်ကို အတွင်းပိုင်းမှာရှိတဲ့ အစိတ်အပိုင်းတွေ ပျက်စီးစေပါတယ်။ အဲဒါကြောင့် မကောင်းတဲ့ အကျင့်လေးပြောင်းပြီး ခန္ဓာကိုယ်နဲ့ စိတ်ကို ဖိအားမပေးပဲ သတိနဲ့ အစာကို ညက်အောင်စားတဲ့ အကျင့်လေးလုပ်ပေးတယ်။ အစာကို ညက်အောင်ဝါးပေးတဲ့အတွက်ကြောင့် အစာအိမ်အချဉ်ပေါက်တာဆားဓါတ်တွေ များတာသက်သာစေတယ်။ အစာအိမ်အားကောင်းလာစေတယ်။ အဆီနဲ့ အငံကိုလည်း လျှော့စားဖြစ်လာမယ်။ ဖြစ်နိုင်လျှင် အသီးအရွက်တွေကို များများစားပြီး ညစာကို အသားစားခြင်းကို ရှောင်တယ်။ အစာကြေလွယ်တဲ့ အစားအစာကို စားပေးတယ်။ ညစာကို အရမ်းဝအောင် မစားဘူး။
အသီးအရွက်ကို ပိုစားဖြစ်တယ်။ အသီးအရွက်ကလည်း အခုခေတ်မှာ ဖြန်းဆေးတွေနဲ့ စိုက်တာများတော့ ရေနဲ့သေချာဆေးပြီး ( ဆား (သို့) ဆိုဒါမှုန့် ) နဲ့ နာရီဝက်လောက်စိမ်ထားပြီး ရေပြန်ဆေးမှ သုံးရင်ပို၍ကောင်းစေတယ်။ မြန်မာပြည်မှာ ဖြန်းဆေးတွေကင်းတဲ့ အပင်ကြီးရတဲ့ အသီးအရွက်တွေပေါပါတယ်။ ရွေးစားလို့ရပါတယ်။ အဲဒါတွေက အစာအိမ်အားကောင်းအောင် အထောက်အကူပေးတဲ့ နည်းလမ်းများဖြစ်နိုင်တယ်လို့ ကျွန်မယုံကြည်ပါတယ်။ ကိုယ်ခံအားကောင်းနေမယ်။
အဆီ ( Calorie ) လောင်ကျွမ်းမှုအားကောင်းနေမယ်ဆိုရင် ကိုယ်အလေးချိန်ကျသွားတာထက် ကောင်းတဲ့ဒီလိုနည်းလမ်းကပိုကောင်းစေတယ်။

အရင်တုန်းက ပိန်ချင်တော့ တစ်နေ့ကို ပေါင်ချိန် ၂ ခါ၊ ၃ ခါလောက်ချိန်တယ်။ ချိန်ပြီးရင် စိတ်ညစ်နေတော့တယ်။ အခုဆိုပေါင်ချိန်တစ်လတစ်ခါတောင် မချိန်ဖြစ်တော့ဘူး။ ကိုယ်အလေးချိန်နဲ့ မဆိုင်ဘူးဆိုတာ နည်းလည်လာတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်အမြင့်နဲ့ ရှိသင့်တဲ့ ကိုယ်အလေးချိန်တွေက ရှိနေရမယ်။ အဓိကက ကြွက်သားအားကောင်းပြီး သွေးလေလည်ပတ်မှုအားကောင်းပြီး ကိုယ်ခံအားကောင်းနေဖို့ အရေးကြီးတယ်။ အတွင်းပိုင်း အစိတ်အပိုင်းတွေကျန်းမာရင် အပြင်ပိုင်းကြည့်ကောင်းစေပါတယ်။ စိတ်ရောကိုယ်ရော ကျန်းမာစေတယ်။

ဒိန်ချဉ်ဖျော်ရည်အတွက် ပါဝင်သော ပစ္စည်း

၁။ ဒိန်ချဉ်ခွက်တ၀က်
၂။ နွားနို့ခွက်တ၀က်
၃။ ပျားရည်ထမင်းစားဇွန်း ၂ ဇွန်း
၎။ သံပုရာသီး ၂ လုံး
အားလုံးရောမွှေပြီး မနက်ပိုင်းသောက်လျှင် ပိန်စေပြီး ညပိုင်းသောက်လျှင် ၀ဖြိုးစေပါသည်။ အစာအိမ်အူလမ်းကြောင်းကိုလည်း အားကောင်းစေပါသည်။
ဓာတ်ကြီးလေးပါးကို ညီညွတ်စေသော အသီးအရွက်ဖျော်ရည်
ပါဝင်သောပစ္စည်းများ
၁။ တရုတ်နံနံပင် ၃ ပင်
၂။ ဆလပ်ရွက် ၃ ပင်
၃။ ခရမ်းချဉ်သီး ၁ လုံး
၎။ ပန်းသီး ၁/၂ လုံး
၅။ သံပုရာသီး ၂ လုံး
၆။ ပျားရည် ၂ ဇွန်း ( ထမင်းစားဇွန်း )
( ဆီးချိုရှိသူများအတွက် ပျားရည်အစား ( ရခိုင်ငှက်ပျောသီး ) သုံးလို့ရပါသည်။ )
၇။ ရေခွက်တ၀က် ၁/၂ ခွက်အားလုံးကို စက်ဖြင့်ကြိတ်ပြီး ချက်ချင်းသောက်ပါ။
အကျိုးအာနိသင်မှာ ကိုယ်ခံအားကောင်းစေသည်။ အတွင်းပိုင်းမှာရှိတဲ့ အစာအိမ်အူလမ်းကြောင်း၊ ကျောက်ကပ်၊ အသည်း၊ သရက်ရွက်၊ နှလုံး အားကောင်းစေသည်။

Nan Su Kay Swan

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here