Wednesday, May 29, 2013

ဇွန်လအတွင်း NBF အစည်းအဝေးတွင် ဖက်ဒရယ် ပြည်ထောင်စုပါတီ မှတ်ပုံတင်ရေး ဆွေးနွေးမည်

0 comments

မေလ ၂၉ ရက်
 
လာမည့် ဇွန်လအတွင်း ပြုလုပ်မည့် ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) ၏ ပုံမှန်အစည်းအဝေးတွင် ဖက်ဒရယ် ပြည်ထောင်စုပါတီမှတ်ပုံတင်နိုင်ရေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း NBF ၏ ပြောရေးဆိုခွင့်ရှိသူ ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောကြားသည်။

NBF ၏ ပုံမှန်အစည်းအဝေးများကို နှစ်လတစ်ကြိမ် ပြုလုပ်နေခြင်းဖြစ်ပြီး လာမည့်အကြိမ် အစည်းအဝေးသည် (၁၇) ကြိမ်မြောက်ဖြစ်ကာ တောင်ကြီးမြို့၌ဇွန် ၁၁ နှင့် ၁၂ ရက်များတွင် ပြုလုပ်သွားမည်ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည်လည်း အဓိကထား ဆွေးနွေးမည့် ကိစ္စတစ်ခုဖြစ်ပြီး အခြားသော ညီနောင်တိုင်းရင်းသား ပါတီများ၏ အထူးပြု ကိစ္စရပ်များ၊ လတ်တလော ဖြစ်ပေါ်နေသည့် အဖြစ်အပျက်များနှင့် ပတ်သက်သည့် ဆွေးနွေးမှုများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးဇိုဇမ်က ဆိုသည်။ မေ ၂၈ ရက်၌ မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် ရလဒ်များအပေါ် မူတည်ပြီး NBF ၏ ရှေ့ဆက်သွားမည့် မူဝါဒများ . . . . .

"ညီနောင်တိုင်းရင်းသား ပါတီတွေ ပူးပေါင်းဖွဲ့စည်းမယ့် ဖက်ဒရယ်ပြည်ထောင်စုပါတီ မှတ်ပုံတင်နိုင်ရေးဟာ ဆွေးနွေးပွဲတိုင်းမှာ ကျွန်တော်တို့ အဓိကထား ဆွေးနွေးဖြစ်တဲ့ အကြောင်းအရာပါ။ ဒါ့အပြင် ပြည်တွင်းငြိမ်းချမ်းမှု ဖော်ဆောင်ရေး ကိစ္စ၊ ဖက်ဒရယ် ကိစ္စတွေလည်း ဆွေးနွေးဖြစ်မှာပါ" ဟု ဦးဇိုဇမ်က ဆိုသည်။

ထို့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည်လည်း အဓိကထား ဆွေးနွေးမည့် ကိစ္စတစ်ခုဖြစ်ပြီး အခြားသော ညီနောင်တိုင်းရင်းသား ပါတီများ၏ အထူးပြု ကိစ္စရပ်များ၊ လတ်တလော ဖြစ်ပေါ်နေသည့် အဖြစ်အပျက်များနှင့် ပတ်သက်သည့် ဆွေးနွေးမှုများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးဇိုဇမ်က ဆိုသည်။

မေ ၂၈ ရက်၌ မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် ရလဒ်များအပေါ် မူတည်ပြီး NBF ၏ ရှေ့ဆက်သွားမည့် မူဝါဒများ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များအပေါ် ကူညီနိုင်မည့် အချက်များကိုလည်း ထည့်သွင်းဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတရားဝင် ညီနောင်တိုင်းရင်းသား ပါတီများမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကယန်း အမျိုးသားပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ဖြစ်သည်။

ညီနောင်တိုင်းရင်း သားပါတီများ ဖက်ဒရေးရှင်းသို့ ၀င်ရောက်ရန် အခြားပါတီ ခြောက်ခုကလည်း လုပ်ဆောင်နေပြီး ယင်းပါတီများမှာ တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ၊ အရှို ချင်းအမျိုးသားပါတီ၊ တအောင်း (ပလောင်) အမျိုးသားပါတီ၊ ပအို့ဝ်အမျိုးသား အဖွဲ့ချုပ်နှင့် "၀" ဒီမိုကရေစီ ပါတီတို့ဖြစ်ကာ လာမည့် အစည်းအဝေးတွင် သုံးပါတီခန့်ကို တရားဝင် လက်ခံရန်ရှိကြောင်း သိရသည်။

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here