Thursday, May 23, 2013

SSA (ရွက်ဆစ်)မှ သတ်ဖြတ်လိုက်သည့် သားဖြစ်သူအတွက် ၀မ်နည်းကြေကွဲနေရသည့် မိခင်

0 comments

မေလ ၂၃ ရက်

SSA (ရွက်ဆစ်)မှ ဗိုလ်မှူး အိုက်ပီး(ခ) ချင်းပီးမှ ကျေးရွာများတွင် ဒန်အိုး ၊ ဒန်ခွက်၊ သံတို၊ သံစ ရောင်းဝယ်ရင်း အသက်မွေးနေသည့် မောင်လင်းဇော်ဦးအားဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိပါသည်။
စက်တင်ဘာ (၂)ရက်နေ့က သီပေါမြို့ တောင်ရပ်ကွက်နေ (ဘ)ဦးဇော်ဇော် မိခင် ဒေါ်မျိုးမေတို့၏ သားဖြစ်သူ မောင်လင်းဇော်ဦး မှ ခါးရှိုးကျေးရွာသို့ ဒန်အိုး ဒန်ခွက် အဟောင်းများ သွားရောက်ဝယ်ယူရာ SSA (ရွက်ဆစ်)မှ ဗိုလ်မှူးအဆင့်ရှိ အိုက်ပီး(ခ) ချင်းပီး ခေါင်းဆောင်သော အဖွဲ့သည် ရွာသားများနှင့် အစည်းအဝေးပြုလုပ်နေသည်ကိုလင်းဇော်ဦးမှ တွေ့ရှိသည်ကို သံသယဖြစ်ကာ သတင်းပေါက်ကြားမည် စိုးသောကြောင့် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရပါသည်။

မိဘများမှာ မိမိသားဖြစ်သူ ဖမ်းဆီးခံရသည်ကို သိသည်နှင့် စက်တင်ဘာလ (၃)ရက်နေ့တွင် ခါးရှိုးကျေးရွာနေ ဦးလုံသာနေအိမ်သို့သွားရောက်ပြီးသားဖြစ်သူအခြေအနေအားစုံစမ်းရာ မောင်ဇော်လင်းဦး အား ငွေကျပ် သိန်း(၃၀)နှင့်ရွေးယူရန်ပြောရာ မိခင်ဖြစ်သူမှ ၄င်းတို့တောင်းသော ပိုက်ဆံပေးရန် အခက်အခဲရှိကြောင်း ပြော၍ သီပေါမြို့သို့ ပြန်လည်ထွက်ခွာသွားခဲ့ပါသည်။
စက်တင်ဘာလ (၈)ရက်နေ့တွင် ဦးလုံသာမှ ဒေါ်မျိုးမေ၏ နေအိမ်သို့လင်းဇော်ဦးအား ကြိုးဖြင့်တုပ်နှောင် ခေါ်ဆောင်လာပြီး လင်းဇော်ဦးအား SSA(ရွက်ဆစ်)တွင် တာဝန်ထမ်းဆောင်ရန် အတွက် တပ်သားသစ် အဖြစ် ခေါ်ဆောင်သွားကြောင်းပြောပြီး ပြန်လည်ထွက်ခွာသွားခဲ့ပါသည်။ ဒေါ်မျိုးမေသည် သားဖြစ်သူအား SSA(ရွက်ဆစ်)အဖွဲ့မှ ခေါ်ဆောင်သွားသည် ဟုတ်/မဟုတ်ကို သိရှိနိုင်ရန် မော်တော်ဆိုင်ကယ်ဖြင့် ဈေးရောင်းရင်း သားဖြစ်သူ၏ သတင်းအား လိုက်လံစုံစမ်းရာ ဦးလုံသာနှင့်တွေ့ဆုံ၍မေးမြန်းရာ ဦးလုံသာမှ လင်းဇော်ဦးအားSSA(ရွက်ဆစ်)မှသတ်လိုက်ပြီဖြစ်ကြောင်းနှင့်ကလေးအတွက် ကုသိုလ် ကောင်မှု လုပ်ပေးလိုက်ဟု ပြောကြားခဲ့ကြောင်းသိရပါသည်။
ဒေါ် မျိုးမေမှ မိခင်ဇောဖြင့် သားဖြစ်သူ၏ သတင်းကို ထပ်မံစုံစမ်းရာ သီပေါမြို့နယ် နောင်ကော်ကျေးရွာသို့ ရောက်ရှိပြီး ရွာသားတစ်ဦးအားမေးမြန်းရာ လင်းဇော်ဦးအား စက်တင်ဘာလ(၄)ရက်နေ့က ခါးရှိုးကျေးရွာ အနောက်မြောက်ဘက် ၁ မိုင်ခန့်တွင် လက်ပြန်ကြိုးတုတ်၍ SSA(ရွက်ဆစ်)မှ သောင်းကျန်းသူ (၄)ဦးသည် ၀ါးရင်းတုတ်ဖြင့် ရိုက်သတ်ပြီး လျှိုထဲသို့ ပစ်ချခဲ့ကြောင်း သိရပါသည်။

လင်းဇော်ဦးအား ရိုက်သတ်ခဲ့သည့် SSA(ရွက်ဆစ်)မှ တပ်သား(၄)ဦးမှာ အိုက်လောင် ၊ အိုက်ရှန်၊ နော်ဝမ်း၊ အိုက်လန်း တို့ဖြစ်ပြီး ၄င်းတို့(၄)ဦးသည် ခါးရှိုးရွာမှ ဖြစ်ကြောင်းသိရပါသည်။ လင်းဇော်ဦး၏ ဆိုင်ကယ်မှာ ခါးရှိုးရွာတွင် ယခုအချိန်ထိ ရှိနေပြီး သားဖြစ်သူအသတ်ခံရခြင်းအား မကျေနပ်၍ မိခင်ဖြစ်သူမှ သက်ဆိုင်ရာသို့ တိုင်ကြားထားကြောင်း သတင်းရရှိပါသည်။
ရွှေလားရှိုး 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here