Wednesday, June 5, 2013

မူဆယ်ခရိုင်တရားရုံးတွင် အမှုစစ်ဆေးစဉ် တရားခံအချို့ထွက်ပြေးမှုဖြစ်ပွား

0 comments

ဇွန်လ ၅ ရက်

မူဆယ်ခရိုင်တရားရုံးအချုပ်တွင် မူးယစ်ဆေးဝါးအမှုဖြင့် ချုပ်နှောင်ထားသော တရားခံ(၂၃)အား ယမန်နေ့ ညနေ၄နာရီခန့်တွင် ရုံးထုတ်စစ်ဆေးစဉ် တရာခံတချို့ ထွက်ပြေးခဲ့ကြောင်းသိရှိရပါသည်။

တရားရုံးတွင် အမှုစစ်ရန် အတွက် အချုပ်ခန်းမှာ ထုတ်လာစဉ် တရားခံ ၉ ဦးမှထွက်ပြေး ရန်ကြိုစားခဲ့ကြောင်း၊ ထွက်ပြေးရန်ကြိုးစားစဉ် အစောင့်အရှောက်ယူသည့် ရဲတပ်ဖွဲ့ဝင် အချို့က သေနတ်ဖြင့်ခြောက်လှန့် ပစ်ခတ်ခဲ့ပါသည်။ ထိုသို့ခြောက်လှန့် ပစ်ခတ်ရာတွင် တရားခံများမှ ရဲတပ်သား ဘရန်အောင်အား အကာအကွယ်ယူထားသည့် အတွက် ဒုရဲအုပ်စောဝင်း မောင်မှ ပစ်ခတ်ခဲ့ရာတရားခံ ရဲအောင်ထွေး၊ အိုက်ထွန်းနှင့် ရဲတပ်သား ဘရန်အောင်တို့ သေနတ် ထိမှန်ခဲ့သည်။ 

တရားခံရဲအောင်ထွေးမှာ ညာဘက်နံရိုးတွင်လည်းကောင်း တရားခံအိုက်ထွန်းမှာ ဦးခေါင်းတွင် လည်းကောင်း သေနတ်ရှပ်မှန် ဒဏ်ရာရခဲ့သည်။ ရဲတပ်သားဘရန်အောင်မှာ တရားခံများ ဖမ်းဆီးရမိရေးအတွက် ၀င်ရောက် လုံးထွေး နေစဉ်သေနတ်ထိမှန်သည့် အတွက် မူဆယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ထွက်ပြေး လွတ်မြောက် သွားသော တရားခံ များအားမူဆယ်ခရိုင်ရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးခဲ့ရာ တရားခံ(၂)ဦးဖြစ်သည့် မော်ဆိုင်စွမ်းနှင့် စိုင်းကိုကိုတို့အား ၁၉၃၀နာရီ အချိန်တွင် မူဆယ်မြို့ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင်ပြန်လည် ဖမ်းဆီးရမိခဲ့ သည်။

ဆေးရုံတက်ရောက် ကုသနေသူများအနက် တရားခံနှစ်ဦးမှာစိုးရိမ်ရသော အခြေအနေ မရှိသော်လည်း ရဲတပ်သား ဘရန်အောင်မှာ သေဆုံးသွားကြောင်း သတင်းရရှိသည်။ ထွက်ပြေးလွတ်မြောက် လျက်ရှိနေသော တရားခံ များဖြစ်သည့် အိုက်စံ၊ အားကျီး၊ လောက်ဆန်းတို့အား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ဝင်များက ကြိုးစားဆောင်ရွက် လျက်ရှိကြောင်းနှင့် တွေ့ရှိသူပြည်သူများအနေဖြင့် မူဆယ်ရဲတပ်ဖွဲ့သို့ သတင်းပေးပို့ကြပါရန် နှိုးဆော်ထားကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ပြောပြချက်အရ သိရှိ ရပါသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here