Wednesday, June 5, 2013

စာရင်းရေး စာရင်းကိုင်နှင့် ကွန်ပျူတာစာရင်းကိုင် သင်တန်း (၁/၂ဝ၁၃) ဖွင့်လှစ်

0 comments

ရှမ်းပြည်နယ် တောင်ကြီးမြို့ ပြည်တော်သာရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်း သမဝါယမသင်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက အစိုးရ အသိအမှတ်ပြု စာရင်းရေး၊ စာရင်းကိုင်နှင့် ကွန်ပျူတာ စာရင်းကိုင်သင်တန်း (၁/ ၂ဝ၁၃) သင်တန်း ဖွင့်လှစ်သည်။

အဆိုပါ အစိုးရ အသိအမှတ်ပြု စာရင်းရေး၊ စာရင်းကိုင်နှင့် ကွန်ပျူတာစာရင်းကိုင်သို့ သင်တန်းသား၊ သင်တန်းသူ ၈၅ ဦး တက်ရောက်ပြီး သင်တန်းတွင် Book-Keeping & Accountancy, Advanced Accounting Computerized Accounting (MYOB) စသည့် ဘာသာရပ်များကို ယမန်နေ့မှ စက်တင်ဘာ ၉ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ဖွင့်လှစ် သင်ကြားမည် ဖြစ်သည်။

ထိုနည်းတူ အစိုးရ အသိအမှတ်ပြု စာရင်းရေး၊ စာရင်းကိုင်နှင့် ကွန်ပျူတာစာရင်းကိုင် သင်တန်းများကို ဧရာဝတီ တိုင်း ဒေသကြီး ပုသိမ်မြို့ သမဝါယမ သင်တန်းကျောင်း၌ လည်းကောင်း၊ မကွေးတိုင်း ဒေသကြီး မကွေး သမဝါယမ သင်တန်းကျောင်း၌ လည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့ သမဝါယမ သင်တန်း ကျောင်း၌လည်းကောင်း ဇွန် ၃ ရက်မှစတင်ကာ စက်တင်ဘာ ၉ ရက်အထိ သင်တန်းဖွင့်လှစ် သင်ကြားပေး မည်ဖြစ်ကြောင်း တောင်ကြီးမြို့ သမဝါယမ သင်တန်းကျောင်း ကျောင်းအုပ်ကြီး ထံမှ သိရသည်။

မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here