Sunday, June 30, 2013

ပြင်ဦးလွင်မြို့တွင် ယနေ့နေ့လယ်က ပေါက်ကွဲမှုဖြစ်ပွား

0 comments
ဇွန်လ ၃၀ ရက်


ပြင်ဦးလွင်မြို့လယ်တွင်ယနေ့နေ့လယ်၁နာရီခွဲခန့်ကပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ပြင်ဦးလွင်ဒေသခံများထံမှ

သိရသည်။

ပြင်ဦးလွင်မြို့လားရှိုးမန္တလေးလမ်းနှင့်၈ပေခန့်အကွာ ဈေးလေးအနီးနေမင်းဂျုံစက်အရှေ့ဘက်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်တွင်ကပ်ထားသည့် ဗုံးမှ ပေါက်ကွဲသည်ဟု ယူဆရကြောင်း၊ပေါက်ကွဲမှုကြောင့်တပ်ကြပ်ကြီးတစ်ဦးနှင့် ဗိုလ်လောင်းသင်တန်းသားတစ်ဦးထိခိုက်ခဲ့ကြောင်း၊ဆိုင်ကယ်မှာ ရစရာမရှိအောင်စုတ်ပျက်သွားကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

"အုန်းအသံကျယ်ကြီးကြားရတယ်။ ကျွန်တော့်ရှေ့တင်ဖြစ်သွားတာ။ထိခိုက်သူတွေကို လူနာတင်ကားနဲ့ခေါ်သွား တာတွေ့တယ်။ ဗုံးက ဆိုင်ကယ်မှာကပ်ထားပုံရတယ်။ တခြားထိခိုက်တာတော့မတွေ့ဘူး။ တပ်ကြပ်ကြီးက
နောက်စေ့ကိုထိသွားတာတွေ့တယ် ဟုပြင်ဦးလွင်ဒေသခံ ကိုနေမျိုးက ပြောသည်။

Popular Myanmar News Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here