Tuesday, June 25, 2013

ဖုန်းဝယ်တာ ဖုန်းပြောဖို့ပါ

0 comments

ဇွန်လ ၂၅ ရက်

သို့ - သျှမ်းသံတော်ဆင့်မှတဆင့် ဆက်သွယ်ရေးဌာနများ သိစေလို

ယခုရက်ပိုင်း မူစယ်မြို့ပေါ်မှာ MEC က ထုတ်ပေးတဲ့ CDMA 800 MHz ဖုန်းလိုင်းတွေ လိုင်းပျောက် နေပါ တယ်။ ၂ ရက် ၃ ရက်ရှိပါပြီ။ 

ဘာတွေလုပ်နေကြမှန်းလည်း မသိရပါဘူး။ ဘာမှလည်း မကြေ ညာဘူး။ ဖုန်းကိုင်တာ ကိစ္စရှိရင် ပြောဘို့ကိုင်တာ ပြောလို့၊ ခေါ်လို့ မရရင်ဘာဖြစ်လို့ ကိုင်ရမှာလဲ? ဒီအတိုင်းထား ရင်လည်း(ဖုန်းမခေါ်ရင်လည်း) ၁ လ ၂၅၀၀ ကျပ်က အသားတင် ပေးနေရဦးမယ်။ ပြောရင်လည်း သူတို့ဘက်က ဖုန်းကဒ် ၁ ခုကို ၁ လ အသားတင် ၂၅၀၀ ကျပ်ရမှာဘဲ။ 

တွက်ကြည့်လိုက်ရင်- ပြည်နယ်/ တိုင်းဒေသကြီး တွေကို ၁ လ ဖုန်းကဒ်ပေါင်း ၃ သောင်းကျော်ချ ထားပေးခဲ့မယ်ဆိုရင် ဧပြီလက စတင် ချထားပေးတာမို့ နှစ်ကုန်ရင် ဖုန်းကဒ်ပေါင်း ၁၃ သိန်းကျော် ရှိမယ်။ ကဒ် ၁ ခုကို ၁ လ ၂၅၀၀ ကျပ် အသားတင်ရမယ်။ အဲဒီအတွက် နှစ်ကုန်ရင် သိန်းပေါင်း ၈၄၀၀ ကျော် ရရှိမှာပါ။ ဖုန်းပြောခ သက်သက် ဘဲရှိသေးတယ်။ 

အဲဒီအတွက် မပြောရင်လဲ ၁ လ ၂၅၀၀ ကျပ်ပေးရမဲ့အတူတူ တစ်ရက်ချင်း တွက်ရင် လည်း ပေးရပြန်ပါတယ်။ အဲဒီအတွက် အဆင်ပြေအောင်ဆောင်ရွက်ပေးစေလိုပါကြောင်း သျှမ်းသံ တော် ဆင့်အနေနဲ့ ဖော်ပြပေးစေချင်ပါတယ် ခင်ဗျား။


မူဆယ်သား

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here