Saturday, June 22, 2013

ထူးချွန်စွာအောင်မြင်သော ကျောင်းသားများကို ဆန်စပါးအသင်းချုပ် ထောက်ပံ့မည်...

0 comments
ဇွန်လ ၂၂ ရက်
 
ရန်ကုန်တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်ပြီး ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသော အသင်းဝင်မိသားစုများ၏ သားသမီးများကိုပညာသင်ထောက်ပံ့ကြေးပေးအပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်ကပြောသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းဝင်များ၏ မိသားစုဝင်များအား ပညာသင်ထောက်ပံ့ ကြေးပေးအပ်ခြင်းသည်ပထမဆုံးအကြိမ်ဖြစ်ပြီး အရေအတွက် ကန့်သတ်မထားဘဲ လျှောက်လွှာ
တင်သော ကျောင်းသား/သူ၏ အရည်အချင်းပေါ်မူတည်ပြီး စိစစ် ရွေးချယ်သွားမည် ဖြစ်သည်။

ထို့အပြင် ကျေးလက်ဒေသမှ အသင်းဝင်တောင်သူလယ်သမားများ၏ သားသမီးများကို ဦးစားပေး ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ထူးချွန်ထက်မြက်သော ကျောင်းသား/သူများကို ဘွဲ့လွန်ပညာရပ်များအတွက် ပြည်ပနိုင်ငံများသို့ စေလွှတ်ပြီးပညာသင်ကြားစေမည် ဟုသိရသည်။

ဒေသအသီးသီးရှိ အသင်းဝင်တောင်သူများအနေနှင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက
ဇွန် ၁၈ ရက်မှစပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဖုန်းနံပါတ်၀၁-၂၁၈၂၆၇၊ ၀၁-၂၁၈၂၆၈ ကို ဆက်သွယ်စုံစမ်းနိုင်ကြောင်း Zin YawNews မှသိရသည်။

SkyNet TV Browser

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here