Wednesday, June 5, 2013

အစိုးရ စစ်ဆင်ရေးများ TNLA ဒေသ၌ ပြင်းထန် လာနေ

0 comments

ဇွန်လ ၅ ရက်

 

TNLA စစ်သင်တန်း ဆင်းပွဲ ကျင်းပစဉ်

ယနေ့ ဇွန်လ ၄ ရက် ညနေပိုင်း ၅နာရီ ၂၀ မိနစ် အချိန်တွင် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း ၂၅၆ နှင့် အစိုးရ တပ်ဖွဲ့တို့ ရှမ်းပြည်နယ် မြောက်ပိုင်း  နမ့်ဆန်မြို့နယ် အထက် မန်လွယ် ကျေးရွာနှင့် တောင်ကျော် ကျေးရွာ ကြားရှိ တောင်ကုန်း ပေတွင် နှစ်ဖက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား နေကြောင်း TNLA တပ်ရင်းမှူး တစ်ဦက ဆိုပါ သည်။ 

“  ဖြစ်တာက ခမရ ၃၂၄ နဲ့  ခမရ ၅၀၂ တပ်ဖွဲ့တွေနဲ့ဖြစ်တယ်။ သူတို့က အင်အား တစ်ရာ ကျော်မယ်။ ပြီးခဲ့တဲ့မေလ ၂၉ ရက် နေ့တုန်း ကလည်း နမ့်ဆန်မြို့အနီး အိုမ်ဝါရ်နဲ့ ပန်ယမ်းရွာ အနီးမှာ တိုက်ပွဲ ဖြစ်ခဲ့လို့ အစိုးရဖက်က ၆ ဦး ထက်မနဲ ကျပြီး အများအပြား ဒါဏ်ရာ ရခဲ့တယ်။ ဒါကြောင့် ငွန်ဆိုင်း ပြည်သူ့စစ် ထွန်းမြတ်လေး အဖွဲ့ကို ခေါ်ပြီးတော့ ဘာမှ မဆိုင်တဲ့ ပန်ယမ်း ရွာက အသက် ၈၀ကျော် တာအိုက်အေးကို သေနတ်နဲ့ ပစ်တဲ့ အပြင် တစ်အိမ်လုံး ကိုပါ သေနတ်နဲ့ မွှေနှောက်ပြီး ပစ်ခဲ့တယ်” ဟု ဆိုပါသည်။

အလားတူ အင်အား (၁၀၀) ကျော်ခန့် ရှိသည့် အစိုးရ တပ်များသည် နမ့်ခမ်းမြို့ဖက်မှ TNLA တပ်ရင်း ၁၁၂ရှိရာ ကွတ်စိုင်နှင့် နမ့်ခမ်း မြို့နယ် အစပ်သို့ထပ်မံ အင်အားဖြည့်ရန် ချီတက် ခဲ့သည်ဟု TNLA က ဆိုပါသည်။

ထို့အပြင် အင်အား ၁၀၀ကျော် ရှိသည့်အစိုးရ တပ်ဖွဲ့များသည်TNLA တပ်ရင်း ၄၇၈ ရှိရာ နမ့်ခမ်း-မန်တုံ အစပ် ဘက်သို့ ယမာန်နေ့ ကတည်းက ထပ်မံနေရာ ယူထားသလို ကချင်ပြည်နယ် မန်ဝိန်းကြီး ဘက်ကိုလည်း အင်အား၂၀၀ကျော် ခန့် တပ်ဖြန့် ထားသည်ဟု ဆိုပါသည်။

အစိုးရ တပ်များသည် KIO နှင့် စတင် ဆွေးနွေးစဉ် ကတည်းက TNLA တပ်များအား စတင် ထိုးစစ် ဆင်ခဲ့ ပါသည်။ ထိခိုက် ကျဆုံးမှု များသည်နှင့် အတူ တိုက်ပွဲ များလည်း ပြင်းထန်လာ နေရာက ယနေ့ အချိန်တွင် ကွတ်ခိုင်၊ နမ့်ဆန်နှင့် နမ့်ခမ်း ဒေသမှ TNLA တပ်များကို သုံးဖက် သုံးတန်မှ ၀ိုင်းဝန်း စစ်ဆင် လာခဲ့ခြင်း ဖြစ်ပါသည်။

အစိုးရ တပ်များသည် KIO နှင့်ပြီးခဲ့သည့် ရက်ပိုင်းတွင် စစ်အရှိန် လျှော့ချရေး နားလည်မှု ရလာသည်နှင့် တအာင်း ဒေသရှိ  KIA တပ်မဟာ (၄) ၌လည်း တိုက်ပွဲများ ကျဲသွား ခဲ့ပါသည်။ သို့သော် TNLA အား ပိုမို စစ်ဆင် လာခဲ့ ပါသည်။ ဤသည် အစိုးရ တပ်များ၏ ကျင့်သုံးနေကျ သွေးခွဲမှု စစ်ဆင် ရေးမျိုးပင် ဖြစ်ပါသည်။

TNLA သည် အစိုးရနှင့် အပစ်ရပ်ထားခြင်း မရှိသေးသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် ဖြစ်ပါသည်။ ထို့နည်းတူ TNLA သည် KIA နှင့် စစ်ရေး မဟာမိတ် ဖြစ်သဖြင့် စစ်ဖက် ရေးရာများတွင် ပူးပေါင်း ဆောင်ရွက်ဆဲ ဖြစ်ကြောင်း TNLA က ဆိုပါသည်။

ရွှေဟင်္သာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here