ဇွန်လ ၇ ရက်
၅-၆-၂၀၁၃ ရက်နေ့ ၁၆၃၀ အချိန် ရှမ်းပြည်နယ်၊ နောင်ချိုမူးယစ်(အထူး)မှတပ်ဖွဲ့ ၀င်များသည် နောင်ချိုမြို့အ၀င် မိုင်တိုင်အမှတ်(၇၈/ ၅)တွင် လားရှိုးမှမန္တလေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ဘူတာရုံလမ်းနေ ၀င်းအောင်(ခ)ဟွမ်အားချန်(၄၀)နှစ် မောင်းနှင်လာသည့် ၂ဃ/xxxx ပါဂျဲရိုးအနက်ရောင်ယာဉ်အား ရပ်တန့်ရှာဖွေစစ်ဆေးခဲ့သည်။
ထိုသို့ရှာဖွေစစ်ဆေးရာ ယာဉ်အင်ဂျင်ခန်း ထဲ၌ သိုဝှက်သယ်ဆောင်လာသည့် အဖြူရောင်စက္ကူဂျပ်ဖာ အတွင်းမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား(၄၀၀၀)ပြား၊ အလေးချိန် ၃၆၀ ဂရမ်၊ အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့်ထည့်လျက် အပြာရောင်ပလစ်စတစ်ကပ်ခွာအိတ်ငယ် တစ်အိတ်လျှင် WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၂၀၀)ပြားစီပါ ၄ ထုပ်၊ အလေးချိန် ၇၂ ဂရမ်၊ စုစုပေါင်းဆေးပြား(၄၈၀၀)ပြား၊ အလေးချိန် ၄၃၂ ဂရမ်အား သိမ်းဆည်းရမိခဲ့သဖြင့် ၀င်းအောင်(ခ)ဟွမ်အားချန်အား နောင်ချိုမြို့မရဲစခန်း မယ(ပ)၂၀/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉
(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်