24.7.2013
ပုဒ်မ ၂၉၅ (က) သာသနာတော် ညှိုးနွမ်းစေမှုဖြင့် ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ သစ်တောရပ် တောင်ကြီး ဟိုပုံး အထွက် ကားလမ်းဘေးရှိ ထင်းရှူးမြိုင် ကျောင်းထိုင် ဆရာတော် ဦးကဝိစာရကို တရားစွဲခဲ့သော အမှုကို တောင်ကြီးမြို့နယ် တရားရုံးက ဇူလိုင်လ ၂၃ ရက်တွင် ထောင်ဒဏ် တစ်နှစ် ခြောက်လ ကျခံစေ လိုက်ကြောင်း မိသားစုဝင် တစ်ဦးက ပြောကြားသည်။
တောင်ကြီးမြို့ အမှတ် (၁) ရဲတပ်ဖွဲ့ စခန်းက အမှုသေး အမှတ် ၁၀/၂၀၁၃ သာသနာတော် ညှိုးနွမ်းစေမှုဖြင့် အရေးယူ ဆောင်ရွက်ခဲ့သော အမှု ဖြစ်သည်။
ဦးကဝိစာရသည် သက်တော် ၅၂ နှစ်၊ ဝါ ၁၁ ဝါ ရှိပြီး တောင်လေးလုံးထောင် ကို အပို့ခံခဲ့ရကြောင်း၊ တရားရုံး လုပ်ထုံးလုပ်နည်းများ ကျွမ်းဝင်နားလည်မှု မရှိ၍ အယူခံ ဝင်မည် မဝင်မည်ကို လတ်တလော မပြောနိုင်သော်လည်း အမှုမှာ တစ်ဖက်သတ် ပုံစံမျိုး ဖြစ်နေ၍ အယူခံဝင်ရန် စိတ်ထက်သန်မှု မရှိကြောင်း ဆရာတော်၏ သမီးဖြစ်သူက ဆိုသည်။
မေလ ၂၁ ရက်နေ့က နံနက် ၁၁ နာရီခန့် အာဏာပိုင်များက ထင်းရှူးမြိုင် ကျောင်းတွင် ငါးရက်မြောက် ပဋ္ဌာန်းရွတ်ပွဲ ကျင်းပနေ စဉ် ဆေးတက္ကသိုလ် ဆောက်မည့် မြေနေရာကို ကျူးကျော်သည်ဟု ဆိုကာ ဦးကဝိစာရ အပါအဝင် သံဃာတော် ၁၁ ပါးကို တောင်ကြီးမြို့ မင်းကျောင်း ကို ပင့်ဆောင်၍ လူဝတ်လဲစေပြီးနောက် ဦးကဝိစာရကို ရမန်ယူ ချုပ်နှောင် ခဲ့ပြီး ကျန် သံဃာများကို ပြန်လွှတ်ပေးခဲ့သည်။
ထင်းရှူးမြိုင် ကျောင်းကို ၂၀၀၀ ပြည့်နှစ်က ဆောက်လုပ်ခဲ့ ပြီး ကျောင်းဆောက် ဘုရားတည် လုပ်နေသည့် ဆရာတော်ကို သာသနာ ညှိုးနွမ်းစေမှုဖြင့် ဖမ်းဆီးခဲ့သည်ကို နားမလည်နိုင်ဟု ထင်းရှူးမြိုင် ကျောင်း တွင် သီတင်းသုံးခဲ့သည့် ဦးရေဝတက ဆိုသည်။
The Voice Weekly
Wednesday, July 24, 2013
Subscribe to:
Post Comments (Atom)