Tuesday, October 22, 2013
ကျိုက်ထီးရိုး ဘုရားဖူးရာသီ စဖွင့်သည့်ရက်တွင်ပင် ဘုရားဖူးခရီးသွား လေးသောင်းကျော် လာရောက်
Categories :
ကျိုက်ထီးရိုးဘုရားဖူးရာသီစဖွင့်သည့် ရက်သီတင်းကျွတ်လပြည့်နေ့ တစ်ရက်တည်း၌ ပင် ပြည်တွင်း၊ ပြည်ပမှ လာရောက်ဖူးမြော်သော ဘုရားဖူးဧည့်သည် လေးသောင်းကျော်ရှိခဲ့သည်ဟု ကျိုက်ထီးရိုးတောင်တက် ကားအသင်းမှ ဦးဝိလွင်က မဇ္ဈိမကို ပြောသည်။
ကျိုက်ထီးရိုးဘုရားသို့ လာရောက်ဖူးမြော်သော ဘုရားဖူးဧည့်သည်များ များပြားခြင်းကြောင့် ကျိုက်ထီးရိုး တောင် တက်ကားများသည် တစ်နေ့တည်း၌ပင် ရင်ပြင်တော်ပေါ်အရောက် အခေါက်ရေ ၅၀၀ အထိ ပြေးဆွဲပေးခဲ့ရသည်။ ယမန်နှစ် ကျိုက်ထီးရိုး ဘုရားဖူး ရာသီကာလ အစတွင် မူ တောင်အောက် မှ တောင်ပေါ်သို့ ပြေးဆွဲရသည့် တောင်တက်ကား အခေါက်ရေမှာ ၄၀၀ အထိသာ ပြေးဆွဲခဲ့ရသည်။
ထို့အပြင် ဘုရားဖူးခရီးသွားဦးရေများပြားလာသဖြင့်သီတင်းကျွတ်လပြည့်နေ့က တောင်တက်ကားများကို ပုံမှန် ပြေးဆွဲသည့် အချိန်ထက် ကျော်လွန်၍ ည ၁၀ နာရီအထိ ပြေးဆွဲပေးခဲ့ရသည်။
“ရင်ပြင်တော်ပေါ်မှာ မိုးတွေရွာတော့ နေစရာနေရာတွေကလဲ ပြည့်နေပြီ၊ ခရီးသွားတွေက ကင်ပွန်း စခန်းကိုဆင်းချင်တယ် တောင်းဆိုလို့ တောင်တက်ကားတွေညဆယ်နာရီအထိ ပြေးဆွဲပေးခဲ့ရတယ်”ဟု
ပြောသည်။
ကျိုက်ထီးရိုးဘုရားဖူးရာသီကာလကို သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ ၁၉ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး ဧပြီလအထိ သတ်မှတ်ထားသည်။
Mizzima - News in Burmese
Subscribe to:
Post Comments (Atom)