ဇူလိုင်လ (၂၇) ရက်

ဇူလိုင်၂၆ရက်နေ့နံနက်ပိုင်းက ပြည်ထောင်စုလမ်းမကြီး၏အစိတ်အပိုင်းဖြစ်သော ထားဝယ်-ရေးကားလမ်း
ပိုင်းကလိန်အောင်မြို့နယ်ခွဲအလွန်တွင်ရန်ကုန်မှထားဝယ်သို့မောင်းနှင်လာသော
ရွှေလီရတနာမှန်လုံအမြန်
ယာဉ်နှင့် ထားဝယ်မှရန်ကုန်သို့မောင်းနှင်လာသော
အောင်ရတနာမှန်လုံယာဉ်
တို့ မျက်နှာချင်းဆိုင်တိုက်မိရာ ရွှေလီရတနာမှ ယာဉ်နောက်လိုက်တစ်ဦးသေဆုံးပြီး၊ယာဉ်နှစ်စီးပေါ်ပါ
ခရီးသည် ၁၆ ဦးဒဏ်ရာရရှိခဲ့ကြသည်။ဒဏ်ရာရရှိသူများအနက် ထားဝယ်ဆေးရုံကြီးတွင် အတွင်း
လူနာအဖြစ် ၇ ဦးဆေးကုသမှုခံယူလျက်ရှိကြောင်းသိရသည်။
Popular Myanmar News Journal