Wednesday, July 24, 2013

တာချီလိတ် မူးယစ်(အထူး) နှင့် MANA တို့ ပူးပေါင်းကာ မိုင်းဟဲကျေးရွာအုပ်စုရှိ ဆေးဖြတ်စခန်း၌ မူးယစ်ဆေးဝါးဆိုးကျိုးများအကြောင်း အသိပညာပေးဟောပြော

0 comments
24.7.2013

Photo: တာချီလိတ် မူးယစ်(အထူး) နှင့် MANA တို့ ပူးပေါင်းကာ မိုင်းဟဲကျေးရွာအုပ်စုရှိ ဆေးဖြတ်စခန်း၌ မူးယစ်ဆေးဝါးဆိုးကျိုးများအကြောင်း အသိပညာပေးဟောပြော

24.7.2013

ဇူလိုင်(၂၃)ရက်နေ့ နံနက် (၉)နာရီ (၃၀)မိနစ်အချိန်က တာချီလိတ်(မူးယစ်)မှ ကြီးကြပ်သူအရာရှိ ဒုရဲမှူး သန်းရွှေ၊ အဖွဲ့ခေါင်းဆောင် ရဲအုပ်မြင့်လွင် အပါအ၀င် တာချီလိတ်ခရိုင်မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (MANA) ဥက္ကဌ ဦးသိန်းဝင်း နှင့် အတွင်းရေးမှူး ဦးသိန်းထွန်း တို့သည် တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စု၊ ပန်စလိကျေးရွာရှိ ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းတွင် မူးယစ်ဆေးဖြတ်ကုသလျက်ရှိသော ဆေးဖြတ်လူနာ (၅၂)ဦးအား မူးယစ်ဆေးဝါးနှင့် အိမ်သုံးဆေးဝါးများ အလွဲသုံးမှု အပေါ် ဖြစ်ပေါ်တတ်သော အန္တရာယ် ဆိုးကျိုးများအကြောင်း အသိပညာပေး ဟောပြောပို့ချရန်အတွက် တာချီလိတ်(မူးယစ်)မှ ကြီးကြပ်သူအရာရှိ ဒုရဲမှူး သန်းရွှေ၊ အဖွဲ့ခေါင်းဆောင် ရဲအုပ်မြင့်လွင် အပါအ၀င် တာချီလိတ်ခရိုင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) ဥက္ကဌ ဦးသိန်းဝင်း နှင့် အတွင်းရေးမှူး ဦးသိန်းထွန်းတို့ သွားရောက် ဟောပြောပို့ချခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကြီးကြပ်သူအရာရှိ ဒုရဲမှူး သန်းရွှေ မှ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ဆိုးကျိုးများ၊ လူမှုရေးပြဿနာများ၊ မိသားစု အခက်အခဲများနှင့် ပတ်သက်သည့် အကြောင်းအရာများကို လည်းကောင်း၊ အဖွဲ့ခေါင်းဆောင် ရဲအုပ် မြင့်လွင် မှ မူးယစ်ဆေးဖြတ် ကုသမှု ခံယူခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် ဘ၀ဖွံ့ဖြိုးတိုးတက်မှုအတွက် ရှေ့ဆက် ဆောင်ရွက်ရမည့် အချက်အလက်များကို လည်းကောင်း၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်း (MANA) ဥက္ကဌ ဦးသိန်းဝင်း နှင့် အတွင်းရေးမှူး ဦးသိန်းထွန်း တို့မှ မူးယစ်ဆေးဖြတ် ကုသမှု ခံယူသူများအနေဖြင့် ဆေးဖြတ်ကုသမှု ခံယူပြီး မိမိပတ်ဝန်းကျင်သို့ ပြန်လည်ရောက်ရှိပါက အခြား ဆေးသူစွဲနေသူများကိုလည်း ဆေးဖြတ်ကုသမှု ခံယူနိုင်ရေး စည်းရုံးပြောဆိုပေးကြရန် အတွက်လည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။

ဟောပြောမှု အပြီးတွင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) ဥက္ကဌ ဦးသိန်းဝင်း မှ ဆေးဖြတ် လူနာများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းရှိ ဆေးဖြတ်လူနာများအား ဇွန်လ(၂၄)ရက်နေ့က စတင် သင်တန်းပေးကာ ကုသခဲ့တာဖြစ်ကြောင်းလည်း သိရှိရသည်။

Tachileik Online News

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here