သြဂုတ်လ(၁၄)ရက်
အမေရိကန်၊ Kentucky ပြည်နယ်မှာ 1912 ခုနှစ်ခန့်က ရှစ်တန်းအဆင့်မေးခွန်းစာရွက်တစ်ခုကို တူးဖော်ရရှိခဲ့ပါတယ်။ယင်းမေးခွန်းလွှာကို Bullitt ကောင်တီ အုပ်ချုပ်ရေးသမိုင်းပြတိုက်သို့ လှူဒါန်းခဲ့ပြီးလို့ အွန်လိုင်းစာမျက်မှာမှာ ကြေငြာခဲ့ပါတယ်။
အတော်လေးလဲ ပွက်လောရိုက်ခဲ့ပါတယ်။ ဘာကြောင့်ဆိုတော့ လွန်ခဲ့သည့် နှစ်တစ်ရာလောက်က မေးခွန်းမှာပါဝင်တဲ့ အကြောင်းအရာကို ယနေ့လူငယ်များအနေဖြင့် ဖြေဆိုနိုင်ဖို့ မလွယ်ကူလှပါဘူးလို့ UPI (United Press International) က တင်ပြလိုက်ပါတယ်။
1912 ခုနှစ်တုန်းကဆို ယနေ့ခေတ်မှာလို open-book တွေ၊ သိချင်တာတွေ ရှာဖွေလို့ရတဲ့ အင်တာနက် တွေလဲ မပေါ်ပေါက်သေးပါဘူး။ ယင်းမေးခွန်းလွှာတစ်ခုတည်းမှ ကျောင်းသားတွေရဲ့ စာလုံးပေါင်းသတ်ပုံ၊ သဒ္ဒါ၊ သင်္ချာ၊ ပထ၀ီ၊ သပ္ပံ၊ အုပ်ချုပ်ရေး စတဲ့ ဥာဏ်စမ်းအဖြာဖြာကို ထည့်သွင်းမေးမြန်းထားတာဖြစ်ပြီး ကျောင်းသားတွေရဲ့ ဗဟုသုတ၊အတွေးအခေါ်ပိုင်းတွေ မြင့်တင်ဖို့ဒီနေ့ခေတ်ရဲ့မေးခွန်းလွှာပုံစံကိုပြန်လည်သုံးသပ်ဖို့လိုလာပြီဖြစ်ကြောင်း ပြောကြား
ထားပါတယ်။
Ref:examiner
AkaRy (MM Social Sky)
Ref:examiner
AkaRy (MM Social Sky)