Thursday, August 22, 2013

ခိုးယူခဲ့သည့်ဆိုင်ကယ်နှင့်အတူ လှည့်ကင်းနှင့်တွေ့၍ ဖမ်းဆီးရမိ

0 comments

သြဂုတ်လ(၂၂)ရက်
Photo: ခိုးယူခဲ့သည့်ဆိုင်ကယ်နှင့်အတူ လှည့်ကင်းနှင့်တွေ့၍ ဖမ်းဆီးရမိ

22.8.2013

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါ မြို့မရဲစခန်းမှူး ဒုရဲအုပ်သိန်းလှိုင်၏ ကြီးကြပ်မှုဖြင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဝင်းနိုင်နှင့် တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၂၀ ရက် ည ၇ နာရီခွဲက မြို့ပေါ်ရပ်ကွက်များသို့ နယ်မြေလုံခြုံ ရေး လှည့်ကင်းတာဝန်ဆောင်ရွက် နေစဉ် ဇာတ်စုရပ်ကွက် မီးရထား သံလမ်းအနီး မိုးတေကျေးရွာမှ မြို့တွင်းသို့ ဆိုင်ကယ် စီးနင်းလာသည့် မြို့လယ်ရပ်ကွက်နေ အောင်တိုးဆိုသူ အား မသင်္ကာ၍ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ပိုင်ဆိုင်ကြောင်း အထောက် အထားမရှိသဖြင့် ဆိုင်ကယ်ခိုးလာသူ အောင်တိုးအား ဖမ်းဆီးရမိသည်။

ဆိုင်ကယ်ခိုးလာသူ အောင်တိုးအား ကွင်းဆက်ဖော်ထုတ်ရေး ဆက်လက် စစ်ဆေးရာ ၎င်းနှင့်အတူ အိုက်တုတ် နှင့် ဆာအောင်တို့ပါ ပူးပေါင်းကြံစည် ကြောင်းထင်ရှား၍ ခိုးယူခဲ့သည့် ဆိုင်ကယ် ကိုးစီးအား ကျောက်မဲ၊ နောင်ချို၊ နမ့်လန်၊ သီပေါ မြို့များသို့သက်သေခံပစ္စည်းအဖြစ် သွားရောက် သိမ်းဆည်းပြီး သီပေါ ရဲစခန်းမှ (ပ)၉၃/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၇၉/၅၄ အရ အရေးယူအမှုဖွင့် ထားကြောင်း သိရသည်။ 

စိုင်း(သီပေါ)

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here