Friday, August 16, 2013

ပုံမှန်နှစ်များနှင့်မတူ မိုးရွာသွန်းမှု များနေသော်လည်း တောင်ပြုန်းပွဲတော်သို့ ခရီးသွားများ ပိုမိုသွားရောက်

0 comments

သြဂုတ်လ(၁၆)ရက်
Photo: ပုံမှန်နှစ်များနှင့်မတူ မိုးရွာသွန်းမှု များနေသော်လည်း တောင်ပြုန်းပွဲတော်သို့ ခရီးသွားများ ပိုမိုသွားရောက်

15.8.2013

ယခုနှစ်တွင် မိုးရွာသွန်းမှု များနေသော်လည်း ယခင်နှစ်များနှင့် မတူဘဲ
တောင်ပြုန်းပွဲတော်သို့ ခရီးသွားများမှာ ပုံမှန်သွားရောက် နေခြင်းကြောင့် ပို၍စည်ကားဖွယ်ရှိကြောင်း ပြည်တွင်းခရီးသွား လုပ်ငန်းများမှ သတင်း
ရရှိသည်။

"ဒီဘက်မှာသာ မိုးများနေတာပါ။ ပြောရရင် ၁၁၅ မိုင်ကျော်လောက်ဆိုရင် မိုးမရွာတော့ပါဘူး။ ရန်ကုန်နဲ့ ပဲခူးကျော်ရင် အထက်ဘက်မှာ မိုးမရွာတော့
ပါဘူး။ ဒီနှစ်က မိုးရွာလည်း ကားဂိတ်တွေက သူ့မိတ်နဲ့သူတော့ သွားနေကြတာပါပဲ။ တောင်ပြုန်းသွားတဲ့ သူတွေလည်း ပုံမှန်ပါပဲ။ ဦးတို့ ဘုရားဖူးကားတွေကတော့ ခြောက်စီးထွက်ဖြစ်ပါမယ်။ ရိုးရာနတ် ကိုးကွယ်တဲ့သူတွေ အသွားများတာပေါ့။ နှစ်တိုင်း ပုံမှန်ပို့နေ ရတာပါပဲ" ဟု သုခမိန်စာပေ မြန်မာပြည်အနှံ့ ဘုရားဖူးခရီးသွား လုပ်ငန်းမှ ဦးမျိုးကြီးက
ပြောကြားသည်။

အဆိုပါ တောင်ပြုန်းခရီးစဉ်သို့ ဘုရားဖူးကားများ သာမက ရထားဖြင့် လည်းကောင်း ကားစီးလုံး ငှားပြီးသော် လည်းကောင်း၊ ကိုယ်ပိုင်ယာဉ်
များဖြင့် လည်းကောင်း၊ မိမိအစီအစဉ်ဖြင့် သွားရောက်သူလည်း များပြားသောကြောင့် တောင်ပြုန်းအ၀င်လမ်းတွင် ကားပိတ်ဆို့မှုများပင်
နှစ်စဉ်ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

တောင်ပြုန်းပွဲတော်ကို နှစ်စဉ်သြဂုတ် ၁၆ ရက်တွင် ကျင်းပလေ့ရှိပြီး နတ်ကိုးကွယ် သူများ၊ ဘုရားဖူး အလည်အပတ် သွားရောက်သူများဖြင့် စည်ကားလေ့ရှိပြီး တောင်ပြုန်းနှင့် ဆက်စပ်ကာ ပြင်ဦးလွင်ရှိ ကိုးမြို့နန်းသို့လည်း သွားရောက်လေ့ရှိကြောင်း သိရသည်။

"သြဂုတ် ၁၄ ရက်ကစပြီး သွားနေကြပါပြီ။ တောင်ပြုန်းပွဲတော် စပြီပေါ့။ သန်းဌေးနဲ့ ရောင်းရင်းများကတော့ ပုံမှန်ခုနစ်စီး ထွက်နေကျပါပဲ။ ၁၅ ရက်နေ့တော့ စထွက်တယ်။ ၄ ရက် ခရီးစဉ်ဖြစ်တဲ့ တောင်ပြုန်း-မန္တလေး -ပြင်ဦးလွင် ခရီးစဉ်နဲ့ တောင်ပြုန်း-မန္တလေး-ပြင်ဦးလွင်-စစ်ကိုင်း-မုံရွာ ၅ ရက်ကြာ ခရီးစဉ်ကို သွားတဲ့သူ များပါတယ်" ဟု သန်းဌေးနှင့် ရောင်းရင်းများ ခရီးသွားလုပ်ငန်းမှ ပိုင်ရှင်ဦးသန်းဌေးက ပြောကြားသည်။

ထို့ပြင် သွားလာနေကျ ဘုရားဖူး ခရီးစဉ်များအပြင် ယခုနှစ် ဘုရားဖူးနေ
ရာဒေသ အသစ်အဖြစ် ပြည်အနောက်ဘက်ခြမ်းသို့ ခရီးသွားများ သွားရောက်နေကြကြောင်း အဆိုပါ ခရီးသွားလုပ်ငန်းများမှ သိရသည်။

eleven media group
ယခုနှစ်တွင် မိုးရွာသွန်းမှု များနေသော်လည်း ယခင်နှစ်များနှင့် မတူဘဲတောင်ပြုန်းပွဲတော်သို့ ခရီးသွားများမှာ ပုံမှန်သွားရောက် နေခြင်းကြောင့် ပို၍စည်ကားဖွယ်ရှိကြောင်း ပြည်တွင်းခရီးသွား လုပ်ငန်းများမှ သတင်းရရှိသည်။

"ဒီဘက်မှာသာ မိုးများနေတာပါ။ ပြောရရင် ၁၁၅ မိုင်ကျော်လောက်ဆိုရင် မိုးမရွာတော့ပါဘူး။ ရန်ကုန်နဲ့ ပဲခူးကျော်ရင် အထက်ဘက်မှာ မိုးမရွာတော့ပါဘူး။ ဒီနှစ်က မိုးရွာလည်း ကားဂိတ်တွေက သူ့မိတ်နဲ့သူတော့ သွားနေကြတာပါပဲ။ တောင်ပြုန်းသွားတဲ့ သူတွေလည်း ပုံမှန်ပါပဲ။ ဦးတို့ ဘုရားဖူးကားတွေကတော့ ခြောက်စီးထွက်ဖြစ်ပါမယ်။ ရိုးရာနတ် ကိုးကွယ်တဲ့သူတွေ အသွားများတာပေါ့။ နှစ်တိုင်း ပုံမှန်ပို့နေ ရတာပါပဲ" ဟု သုခမိန်စာပေ မြန်မာပြည်အနှံ့ ဘုရားဖူးခရီးသွား လုပ်ငန်းမှ ဦးမျိုးကြီးက
ပြောကြားသည်။

အဆိုပါ တောင်ပြုန်းခရီးစဉ်သို့ ဘုရားဖူးကားများ သာမက ရထားဖြင့် လည်းကောင်း ကားစီးလုံး ငှားပြီးသော် လည်းကောင်း၊ ကိုယ်ပိုင်ယာဉ်များဖြင့် လည်းကောင်း၊ မိမိအစီအစဉ်ဖြင့် သွားရောက်သူလည်း များပြားသောကြောင့် တောင်ပြုန်းအ၀င်လမ်းတွင် ကားပိတ်ဆို့မှုများပင်နှစ်စဉ်ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

တောင်ပြုန်းပွဲတော်ကို နှစ်စဉ်သြဂုတ် ၁၆ ရက်တွင် ကျင်းပလေ့ရှိပြီး နတ်ကိုးကွယ် သူများ၊ ဘုရားဖူး အလည်အပတ် သွားရောက်သူများဖြင့် စည်ကားလေ့ရှိပြီး တောင်ပြုန်းနှင့် ဆက်စပ်ကာ ပြင်ဦးလွင်ရှိ ကိုးမြို့နန်းသို့လည်း သွားရောက်လေ့ရှိကြောင်း သိရသည်။

"သြဂုတ် ၁၄ ရက်ကစပြီး သွားနေကြပါပြီ။ တောင်ပြုန်းပွဲတော် စပြီပေါ့။ သန်းဌေးနဲ့ ရောင်းရင်းများကတော့ ပုံမှန်ခုနစ်စီး ထွက်နေကျပါပဲ။ ၁၅ ရက်နေ့တော့ စထွက်တယ်။ ၄ ရက် ခရီးစဉ်ဖြစ်တဲ့ တောင်ပြုန်း-မန္တလေး -ပြင်ဦးလွင် ခရီးစဉ်နဲ့ တောင်ပြုန်း-မန္တလေး-ပြင်ဦးလွင်-စစ်ကိုင်း-မုံရွာ ၅ ရက်ကြာ ခရီးစဉ်ကို သွားတဲ့သူ များပါတယ်" ဟု သန်းဌေးနှင့် ရောင်းရင်းများ ခရီးသွားလုပ်ငန်းမှ ပိုင်ရှင်ဦးသန်းဌေးက ပြောကြားသည်။

ထို့ပြင် သွားလာနေကျ ဘုရားဖူး ခရီးစဉ်များအပြင် ယခုနှစ် ဘုရားဖူးနေ
ရာဒေသ အသစ်အဖြစ် ပြည်အနောက်ဘက်ခြမ်းသို့ ခရီးသွားများ သွားရောက်နေကြကြောင်း အဆိုပါ ခရီးသွားလုပ်ငန်းများမှ သိရသည်။

eleven media group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here