Friday, August 16, 2013

မိုင်းကိုင်မြို့နယ်ရှိ မိုင်းကိုင်အထက(ခွဲ) ကျောင်းအား မိုးကြိုးပစ်ပြီး ကျောင်းသား/သူ များဒဏ်ရာရရှိခဲ့

0 comments

သြဂုတ်လ(၁၆)ရက်
Photo: မိုင်းကိုင်မြို့နယ်ရှိ မိုင်းကိုင်အထက(ခွဲ) ကျောင်းအား မိုးကြိုးပစ်ပြီး ကျောင်းသား/သူ များဒဏ်ရာရရှိခဲ့

15.8.2013

ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့ ရပ်ကွက်(၂)အနီးရှိ မိုင်းကိုင်အထက(ခွဲ) ကျောင်းအား သြဂုတ်လ ၁၄ ရက်နေ့ ညနေပိုင်း တွင် မိုးကြိုးပစ်ခဲ့သဖြင့် အလယ်တန်းကျောင်းသား/သူများ ဒဏ်ရာရရှိခဲ့ကြကြောင်း မိုင်းကိုင်မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

သြဂုတ်လ ၁၄ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် မြို့နယ်ပညာရေးမှူး ဒေါ်တင်ထူးမှ အခမ်းအနားတစ်ခုအတွက် ကျောင်းသား/သူများကို ကျောင်းဝန်းအတွင်း စုစည်းထားရာမှ မိုးကြိုးထိမှန်ခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသည့် ကျောင်းသားတစ်ဦးမှ “ ကျွန်တော်တို့ ကျောင်းသား/သူတွေကို မြို့နယ်ပညာရေးမှူး ဒေါ်တင်ထူးကနေ လွိုင်လင်ခရိုင်မှာ ကျောင်းပေါင်းစုံဘောလုံးပွဲကစားပြီးပြန်လာတဲ့ ကျောင်းသားတွေကို ကြိုဖို့အတွက်ဆိုပြီး ကျောင်းမှာစုခိုင်းပါတယ်၊ ကျွန်တော်တို့ ကျောင်းကိုရောက်ပြီး နာရီဝက်လောက်ကြာပြီးတဲ့အချိန်မှာ မိုးသည်းသည်းမဲမဲရွာပါတယ်၊ ကျွန်တော်တို့ကျောင်းသား/သူတွေကို သတ္တမတန်းအခန်းထဲမှာ စုပြီးနေခိုင်းခဲ့ ပါတယ်၊ မိုးတိတ်ခါနီးမှာ ကျွန်တော်တို့ စုနေတဲ့အခန်းကို မိုးကြိုးပစ်ခဲ့တာပါ ” ဟု ပြောပြပါသည်။

အဆိုပါ စာသင်ကျောင်းအား မိုးကြိုးပစ်ခဲ့မှုကြောင်း အလယ်တန်းကျောင်းသား (၅)ဦးနှင့် အလယ်တန်း ကျောင်းသူ(၂)ဦးတို့ ဒဏ်ရာရရှိသွားခဲ့ကြောင်း ကျောင်းသားမိဘများထံမှသိရသည်။ ဒဏ်ရာရရှိသွားသည့် ကျောင်းသားအများစုမှာ ရင်ဘတ်အောင့်ပြီး ပါးစပ်၊ နှာခေါင်းတို့မှ သွေးထွက်ဒဏ်ရာများ ခံစားခဲ့ကြရသည်။ မိုးကြိုးထိမှန်သော ကျောင်းသား/သူများအား မိုင်းကိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသမှုများ ပြုလုပ်ပေးနေကြောင်းနှင့် ကျောင်းသူ(၂)ဦးမှာ ဒဏ်ရာအခြေအနေစိုးရိမ်ရသဖြင့် အတွင်းလူနာအဖြစ် ကုသပေး နေရကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့ ရပ်ကွက်(၂)အနီးရှိ မိုင်းကိုင်အထက(ခွဲ) ကျောင်းအား သြဂုတ်လ ၁၄ ရက်နေ့ ညနေပိုင်း တွင် မိုးကြိုးပစ်ခဲ့သဖြင့် အလယ်တန်းကျောင်းသား/သူများ ဒဏ်ရာရရှိခဲ့ကြကြောင်း မိုင်းကိုင်မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

သြဂုတ်လ ၁၄ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် မြို့နယ်ပညာရေးမှူး ဒေါ်တင်ထူးမှ အခမ်းအနားတစ်ခုအတွက် ကျောင်းသား/သူများကို ကျောင်းဝန်းအတွင်း စုစည်းထားရာမှ မိုးကြိုးထိမှန်ခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသည့် ကျောင်းသားတစ်ဦးမှ “ ကျွန်တော်တို့ ကျောင်းသား/သူတွေကို မြို့နယ်ပညာရေးမှူး ဒေါ်တင်ထူးကနေလွိုင်လင်ခရိုင်မှာ ကျောင်းပေါင်းစုံဘောလုံးပွဲကစားပြီးပြန်လာတဲ့ ကျောင်း
သားတွေကို ကြိုဖို့အတွက်ဆိုပြီး ကျောင်းမှာစုခိုင်းပါတယ်၊ ကျွန်တော်တို့ ကျောင်းကိုရောက်ပြီး နာရီဝက်လောက်ကြာပြီးတဲ့အချိန်မှာ မိုးသည်းသည်းမဲမဲရွာပါတယ်၊ ကျွန်တော်တို့ကျောင်းသား/သူတွေကို သတ္တမတန်းအခန်းထဲမှာ စုပြီးနေခိုင်းခဲ့ ပါတယ်၊ မိုးတိတ်ခါနီးမှာ ကျွန်တော်တို့ စုနေတဲ့အခန်းကို မိုးကြိုးပစ်ခဲ့တာပါ ” ဟု ပြောပြပါသည်။

အဆိုပါ စာသင်ကျောင်းအား မိုးကြိုးပစ်ခဲ့မှုကြောင်း အလယ်တန်းကျောင်းသား (၅)ဦးနှင့် အလယ်တန်း ကျောင်းသူ(၂)ဦးတို့ ဒဏ်ရာရရှိသွားခဲ့ကြောင်း ကျောင်းသားမိဘများထံမှသိရသည်။ ဒဏ်ရာရရှိသွားသည့် ကျောင်းသားအများစုမှာ ရင်ဘတ်အောင့်ပြီး ပါးစပ်၊ နှာခေါင်းတို့မှ သွေးထွက်ဒဏ်ရာများ ခံစားခဲ့ကြရသည်။ မိုးကြိုးထိမှန်သော ကျောင်းသား/သူများအား မိုင်းကိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသမှုများ ပြုလုပ်ပေးနေကြောင်းနှင့် ကျောင်းသူ(၂)ဦးမှာ ဒဏ်ရာအခြေအနေစိုးရိမ်ရသဖြင့် အတွင်းလူနာအဖြစ် ကုသပေး နေရကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here