Thursday, August 29, 2013

မောင်တောနယ်စပ်တွင်ညမထွက်ရအမိန့်တင်းကျပ်

0 comments
29.8.2013

မောင် တောနယ်စပ်ဒေသအတွင်း အ ကြမ်းဖက်တိုက်ခိုက်မှု ဖောက်ခွဲ မှုသတင်းများ ထွက်ပေါ်နေသည့် အတွက် ထုတ်ပြန်ထားသည့် ည မထွက်ရအမိန့်ကို တင်းကျပ်စွာ ဆောင်ရွက်နေကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောသည်။
''အရင်တုန်းက ည၁ဝနာရီ ကျော်သွားရင်လဲ သွားလာလို့ရ သေးတယ်။ အခုရက်ပိုင်းအတွင်း မှာ ည၁ဝနာရီကျော်တာနဲ့ တွေ့ တဲ့လူကို ဖမ်းလာတာ တွေ့ရပါ တယ်။ အဲဒီလို ည၁ဝနာရီထက် ကျော်လွန်ပြီး သွားလာနေတဲ့အ တွက် တိုင်းရင်းသားလူငယ်ငါးဦး ထက်မနည်း ဖမ်းဆီးခံရတာတွေ့ ရပါတယ်''ဟု မောင်တောမြို့ခံ တစ်ဦးက ပြောသည်။

ညမထွက်ရအမိန့်ကို တင်း ကျပ်လိုက်သည့်အတွက် မောင် တောမြို့တွင် ညအချိန် ယခင်က ထက် ငြိမ်သက်နေကြောင်း သိ ရသည်။
''ညမထွက်ရတဲ့အချိန် ၁၀ နာရီသတ်မှတ်ထားရင် တိုင်းရင်း သားတွေရော၊ ဘင်္ဂါလီတွေရော လိုက်နာဖို့လိုပါတယ်။ လိုက်နာမှု အားနည်းရင် အဖမ်းခံရမှာပါပဲ။

အရေးကြီးတဲ့အချိန်ဖြစ်ဖြစ် အ ရေးမကြီးတဲ့အချိန်ဖြစ်ဖြစ် ထုတ် ပြန်ထားတဲ့ စည်းကမ်းဥပဒေကို လိုက်နာတာက အကောင်းဆုံး ပါပဲ''ဟု ဌာနဆိုင်ရာအရာရှိတစ်ဦး က ပြောသည်။
မောင်တောနယ်စပ်ဒေသ တွင် ပုဒ်မ၁၄၄ကို ဆက်လက်ထုတ် ပြန်ထားဆဲဖြစ်ပြီး ညမထွက်ရအ ချိန်ကို ည၁ဝနာရီမှ နံနက်၎နာရီ အထိသတ်မှတ်ထားရာ လိုက်နာ မှုအားနည်းနေခြင်း၊ လုံခြုံရေး အခြေအနေများအရ တင်းကျပ် ရခြင်းဖြစ်ကြောင်း သိရသည်။

Yangon Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here