Wednesday, October 16, 2013

Anonymous ဟက်ကာအဖွဲ့ တရားစီရင်ရေးဘက်သို့ ပထမဆုံးအကြိမ်အဖြစ် ပစ်မှတ်ထားပြီ်

0 comments

Wednesday, October 16, 2013

အွန်လိုင်းလောကတွင်ထူးထူးခြားခြား နာမည် အဆိုးနှင့်အကောင်း ရောထွေး ကျော်ကြားနေသော Anonymous ဟက်ခ်ကာအဖွဲ့သည် မေရီဗီးလ်မြို့တွင် ဖြစ်ပွားခဲ့သော မိန်းကလေး ငယ်လေးများ အဓ္မမပြုကျင့် ခံရသည့် ဖြစ်ရပ်အတွက် တရားစီရင်ရေးဘက်သို့ ဦးတည် တိုက်ခိုက်မှုများ လုပ်မည် ဟု သတိပေးလိုက်သည်။

အောက်တိုဘာ လဆန်းပိုင်းတွင် Kansas City Star ၌ မေရီဗီးလ်မှ ဆိုးရွားသည့် အဓ္မပြုကျင့် မှုများအတွက် အာဏာပိုင်များ၏ အားနည်းချက် များစွာကို ထုတ်ဖော် ရေးသားခဲ့သည်။ ဒေသ အတွင်း၌ တရားစီရင်ရေးတွင် အံ့သြဖွယ်ကောင်းလောက်အောင် လျော့ရဲနေခြင်းမှာ အစဉ်အလာ တစ်ခုလို ဖြစ်လာသည်အထိ ဆိုရွားလာခဲ့သည်။

အောက်တိုဘာ ၁၄ ရက်ကမူ Anonymous အဖွဲ့က အမှုကို ကိုယ်တိုင်ဖြေရှင်းရာတွင် အလွန် နှောင့်နှေးနေသည့် အာဏာပိုင်များကို အရေးယူဆောင်ရွက်မှုများ ချက်ခြင်းပြုလုပ်ရန် အွန်လိုင်း တွင် ‘OpMaryville’ ဟု တင်ကာ သတိပေးလိုက်သည်။

Anonymous အဖွဲ့က မြို့တော်ဝန် ဂျင်ဖော၏ လက်မှာ ညစ်နွမ်းနေပြီဟု ဆို၏်။ ထို့ပြင် အဓမ္မပြုခံ ရသည့် မိန်းကလေးများဘက်မှ မေရီဗီးလ် တရားစီရင်မှုက မရပ်တည်ပေးနိုင်ခဲ့လျှင်၊ ရဲဝန်ထမ်း များက သွေးကြောင်နေဦးမည်ဆိုလျှင် သို့မဟုတ် လာဒ်အစား သန်နေဦးမည်ဆိုလျှင်၊ တရား စီရင်ရေးက ထိုမိန်းကလေးငယ်များကို ပစ်ပယ်ထားမည်ဆိုလျှင် Anonymous တစ်ဖွဲ့လုံးက ရာဇ၀တ်မှု၏ သားကောင်များဘက်မှ ရပ်တည်ပေးကြမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

မြန်မာ့ခေတ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here