Thursday, August 29, 2013

ဆက်သွယ်ရေးကွန်ရက် ရတစ်ချက် မရတစ်ချက်

0 comments
29.8.2013

ရေအောက်ဖိုင်ဘာဆက်ကြောင်း Sea-Me-We 3 ပြတ်တောက်ပြီးေ နာက် အင်တာနက်မြန်နှုန်းကျဆင်းခြင်းနှင့် ဖုန်းဆက်သွယ်မှုလိုင်း များ ပြတ်တောက် ခြင်းများ မကြာခဏဖြစ်ပေါ်လျက်ရှိသည်။

''ဖိုင်ဘာလိုင်းပြတ်တာကို ပြင် လား မပြင်လားတော့မသိဘူး။ ခုအချိန် အထိ အင်တာနက်သုံးရတာ ဘယ်လိုမှ အဆင်မပြေဘူး။ မှတ်မိ သလောက်ပြော ရရင် ဖိုင်ဘာပြတ်တဲ့အချိန်ကတည်းက အခုအချိန် အထိ ဖြစ်နေတုန်းပါပဲ'' ဟု ကျောက်တံတားမြို့နယ်မှ အင်တာနက် သုံးစွဲသူ ကိုဝေလင်းက ပြောသည်။

ယင်းသို့ အင်တာနက်ကွန်နက်ရှင် ကျဆင်းမှုတွင် အင်တာနက် သီးသန့် ဝန် ဆောင်မှုပေးသည့် ADSL, Wimax, FTTX စသည့်စနစ် များအပြင် မိုဘိုင်း အင်တာနက်များပါမြန်နှုန်းကျဆင်းလျက် ရှိသည်။

''တစ်ပတ်လောက်ရှိပြီ။ အင်တာ နက်သုံးရတာ အဆင်ကိုမပြေဘူး။ အခု ရက်ပိုင်းဆို Network တောင်မပေါ် ဘူး။ ဖုန်းဆက်ရင်လည်း လိုင်းမမိတာ တွေ၊ အသံမကြားရတာတွေ ခဏခဏ ဖြစ်နေပါတယ်'' ဟု လသာမြို့နယ်မှ မို ဘိုင်းဖုန်းကိုင်ဆောင်သူ မအိမွန်က ပြောသည်။

ယင်းအခြေအနေများကြောင့် အင်တာ နက်ဖြင့် စီးပွားရေးလုပ်ကိုင်သူ များ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပြီး အင်တာ နက်ဆိုင်များမှာ ယခင်ထက်ဝင်ငွေ ကျ ဆင်းမှုများ ဖြစ်ပေါ်ခဲ့သည်။

''ဆိုင်ကို အရင်ထက်လူပိုဝင်လို့ဆို ပြီး ဝမ်းသာမယ်လို့ကြံကာရှိသေး တယ်။ ကွန်နက်ရှင်မကောင်းလို့ဆိုပြီး စိတ်ညစ် ပြီး ပြန်တဲ့လူက ပိုများတယ်။ ဝင်ငွေမပို တဲ့အပြင် ဆိုင်အမည်လည်းကျ၊ ဝင်ငွေ လည်း ကျခဲ့ရပါတယ်'' ဟု ပုဇွန်တောင် အင်တာနက်ဆိုင်တစ်ဆိုင်မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးမှ အရာရှိတစ်ဦး က ဖိုင်ဘာပြတ်တောက်မှုကို ပြင်ဆင်ပြီး စီးသွားသည့် အပြင် မြန်နှုန်းကောင်းရေး အတွက် ဆက်ကြောင်းသစ်များ ထပ်မံ ချိတ်ဆက်ပေးထားကြောင်း၊ယင်းကြောင့် အင်တာနက်မြန်နှုန်းမှာ
ကောင်းမွန်နေ ကြောင်း၊ ဖုန်းလိုင်းကျပ်မှုများကိုလည်း Network များချဲ့ထွင် ပေးနေကြောင်း ပြောသည်။

ယင်းသို့ အင်တာနက်မြန်နှုန်းနှင့် ဖုန်းလိုင်းများ လုပ်ဆောင်မှုများ ရှိသော် လည်း အင်တာနက်မြန်နှုန်းကျဆင်းခြင်း နှင့် ဖုန်းလိုင်းကျပ်ခြင်း သည် ယခုလ ၂၇ ရက်နေ့တွင် ဆိုးရွားစွာဖြစ်ပေါ်ခဲ့သည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပင်လယ်ရေအောက်ဖိုင်ဘာ ဆက်ကြောင်း Sea-Me-We 3 ချို့ယွင်းမှုကို ဇူလိုင် ၂၇ ရက်နေ့တွင် MPT ဝက်ဘ် ဆိုက်မှ ထုတ်ပြန်ကြေညာခဲ့ပြီး ၂ ရက် အကြာ တွင် ပြန်လည်ပြင် ဆင်ပြီးစီးကြောင်း ကြေညာခဲ့သည်။

Popular Myanmar News Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here