သြဂုတ်လ(၁၆)ရက်

ဆီးဂိမ်း တွင်ထည့်သွင်းထားသည့် စက်ဘီး အားကစားနည်းအတွက် ပြုလုပ် ထားသော ပြိုင်ပွဲလမ်းကြောင်းများ အရည်အသွေးစစ်ဆေးခြင်းကို မလေးရှားနည်းစနစ်ကျွမ်းကျင်သူ လေးဦးက လာရောက်စစ်ဆေး သွားမည်ဟု သိရသည်။
ဆီးဂိမ်းစက်ဘီးပြိုင်ပွဲတွင် တာဝေးနှင့် တောင်တက်အား ကစားနည်းအတွက် လမ်းကြောင်း များပြင်ဆင်ထားမှု အပြီးသတ်ခဲ့ ပြီဖြစ်သောကြောင့် ဆီးဂိမ်းပြိုင် ပွဲဆိုင်ရာ အာဆီယံအဖွဲ့ချုပ်တာ ဝန်ရှိသူများက ပြိုင်ပွဲလမ်းကြောင်း
များ စနစ်တကျရှိစေခြင်း၊ လိုအပ်သည်များကို ဖြည့်စွက်ပေးနိုင်စေ ရန်အတွက်လာရောက်ခြင်းဖြစ် ကြောင်း
သိရသည်။
မြန်မာစက်ဘီးအတွင်းရေးမှူး ဦးဂျွန်ဆင်းက ''ပြိုင်ပွဲကျင်းပမယ့် လမ်းကြောင်းပိုင်းဆိုင်ရာ တွေကတော့ပြင်
မြန်မာစက်ဘီးအတွင်းရေးမှူး ဦးဂျွန်ဆင်းက ''ပြိုင်ပွဲကျင်းပမယ့် လမ်းကြောင်းပိုင်းဆိုင်ရာ တွေကတော့ပြင်
ဆင်ပြီးပါပြီ။နည်း စနစ်ပိုင်းဆိုင်ရာတွေသေချာစစ် ဆေးဖို့လိုအပ်တယ်။ တာဝေး လမ်းကြောင်းက သိပ်မခက်ခဲပေ မယ့် တောင်တက်လမ်းကြောင်း ပိုင်းကတော့ သေချာစိစစ်မှရမှာ'' ဟုပြောခဲ့သည်။
မြန်မာနိုင်ငံ စက်ဘီးပြိုင်ပွဲ လမ်းကြောင်းကို လာရောက်စစ် ဆေးမည့် မလေးရှားပညာရှင် လေးဦးသည် ဩဂုတ် ၁ရ ရက်တွင် နေပြည်တော်သို့ရောက်ရှိမည်ဟုလည်း သိရသည်။
မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ ချုပ်မှ ကစားသမား၁ဝဦးနှင့် နည်း ပြနှစ်ဦးတို့မှာ လက်ရှိတွင် တရုတ် နိုင်ငံ၌ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကာ ယင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ပူးတွဲလေ့ကျင့်မှုပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
Yangon Media Group