စိတ်ကူးယဉ်သူများ
လေထက်ပိုလေးတဲ့ အရာဝတ္ထုတွေ အနေနဲ့ ကောင်းကင်မှာ ပျံသန်းနိုင်ဖို့ဆိုတာ
မဖြစ်နိုင်ဘူး။ ဒီလူတွေဟာ အရူးတွေပါလို့ လူတကာ ဝေဖန်လှောင်ပြောင်
နေခဲ့ချိန်တွင် ရိုက်ညီနောင်က သူတို့ရဲ့ အိပ်မက်သည် ဖြစ်နိုင်ကြောင်း
သက်သေပြနိုင် ခဲ့ကြသည်။
မဖြစ်နိုင်သည့် အရာများကို ကြိုတင်တွေးဆကာ
ပုံဖော်တတ်သူများကို စိတ်ကူးယဉ်သူများ (Dreamer) ဟု ခေါ်ဆိုကြသည်။
စိတ်ကူးယဉ်တတ် သူများသည် မဖြစ်နိုင်ပါဘူးလိုY ယူဆကြသူ အများစု အလယ် တွင်
အမြဲတစေ လှောင်ပြောင်ရယ်မော ခံရသူများ ဖြစ်ကြသည်။ သိုYသော် စိတ်ကူးယဉ်တတ်
သူများသာ မဖြစ်နိုင်လောက်ပါဘူးဟု တွေးပြီး လက်လျှော့မည် ဆိုလျှင်
လက်ရှိလူသားတို့၏ ကမ္ဘာသည် ကျောက်ခေတ်တွင်သာ ရှိနေဦးမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း စိတ်ကူးယဉ်နေ ကြသူတွေရှိသည်။ ယခုချိန်ထိ
ဖြစ်မလာနိုင်သေး သည့် အေးချမ်း သာယာပြီး ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်း
နိုင်လောက်အောင် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံ အဖြစ်
မြန်မာနိုင်ငံကို မှန်းဆတွေးတောကြသည်။ စိတ်ကူးယဉ် ပုံဖော်ကြသည်။ သို့သော်
ထိုစိတ်ကူး အပေါ် မဖြစ်နိုင်ဟု ထင်မြင်ယူဆကြကာ အချို့က ရယ်မော
လှောင်ပြောင်ကြသည်။ အချို့ကလည်း စိတ်ပျက်အားလျှော့ ကြသည်။
မြန်မာနိုင်ငံသည် သယံဇာတ ကြွယ်ဝသည်။ မြေမျက်နှာသွင်ပြင်နှင့် ရေခံမြေခံ
ကောင်းသည်။ ရာသီဥတု ကောင်းမွန်ပြီး လူသားအရင်းအမြစ် ပေါများသည်။
အေးချမ်းသာယာပြီး အဘက်ဘက်က အင်အားတောင့်တင်းသည့် နိုင်ငံတစ်နိုင်ငံအဖြစ်
ရောက်ရှိလာနိုင်ဖို့အတွက် လိုအပ်သည့် အရင်းအမြစ် အားလုံး ရှိနေသည်။
တစ်ခုတည်း လိုအပ်နေသည့် အချက်မှာ ငါ့နိုင်ငံ ငါ့လူမျိုးအတွက် ဆိုသည့်
စိတ်ဓာတ် များဖြင့် စည်းစည်းလုံးလုံး ကြိုးစားကြဖို့ ဖြစ်သည်။ မြန်မာတို့
စည်းလုံးလျှင် အရှေ့တောင် အာရှ နိုင်ငံများ ဖိမ့်ဖိမ့်တုန်ခဲ့ရသည်ကို
အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရားတို့က သက်သေပြခဲ့ပြီး ဖြစ်သည်။
သို့သော် မြန်မာတို့သည် ဗီဇအရ လွတ်လွတ်လပ်လပ် နေထိုင် တတ်ကြသည်။
တစ်ဦးတစ်ယောက်တည်း၏ ဦးဆောင်မှုအောက် စည်းစည်းလုံးလုံး လိုက်နာဖို့ထက်
ကိုယ့်သဘော ကိုယ်ဆောင်ပြီး သူတစ်လူ ငါတစ်မင်း လုပ်ကိုင်တတ်ကြသည်။
ထိုသဘောကြောင့်ပင် သူများနိုင်ငံတွေ အမြင်မတူတာတွေကို ဘေးဖယ်ထားပြီး
အားကုန်သုံး ပြေးနေကြချိန်တွင် မြန်မာနိုင်ငံ မှာတော့ တစ်နိုင်ငံလုံး
အပစ်အခတ် ရပ်စဲရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုသည့် အခြေခံ
အကျဆုံး အချက်ပင် စလုံးရေစနေရဆဲ ဖြစ်သည်။
သို့သော်
မြန်မာနိုင်ငံသည် မဖြစ်နိုင်ဘူးဆိုသည့် အရာများကို ဖြစ်နိုင်ကြောင်း
သက်သေပြခဲ့ ဖူးသည်။ လေးနက် သည့် သမိုင်းကြောင်းများနှင့် နိုင်ငံတွင်
ကမ္ဘာကလေးစား ခဲ့ရသည့် ဗိုလ်ချုပ်အောင်ဆန်း ၊ ဦးသန့်၊ ဒေါ်အောင်ဆန်းစုကြည်
တို့ကဲ့သို့သော ခေါင်းဆောင်များ ထွက်ပေါ်ခဲ့ဖူးသည်။ မြန်မာတို့၏ အစွမ်းသည်
မနည်းကြောင်း ကမ္ဘာကသိအောင် ပြသခဲ့ဖူးသည်။ သို့သော် စည်းလုံးညီညွတ်မှုဆိုသည့်
နိုင်ငံအတွက် အခြေခံကျဆုံးအရာ မရှိလာသေးသည့် ယခုအချိန်တွင်တော့
စိတ်ကူးယဉ်မှုများ လက်တွေ့မဖြစ်လာ နိုင်သလို အထင်သေးစွာ နှိမ့်ချဆက်ဆံမှု
များကိုလည်း ရင်နာနာနှင့် ခံနေကြရဦးမည် ဖြစ်သည်။
ထို့ကြောင့်
ယခုအချိန်တွင် လစ်ဘရယ်၊ အမျိုးသား၊ လက်ဝဲ၊ လက်ယာခွဲခြား၍ မနေတော့ ဘဲ
နိုင်ငံ အတွက် စည်းလုံးစွာ ပူးပေါင်းလုပ်ဆောင် ကြရတော့မည် ဖြစ်သည်။
ကြောင်ဖြူသည် မည်းသည် ထက် ကြွက်ခုပ်ဖို့သာ လိုရင်း ဆိုသလို
ဝါဒကွဲပြားမှုများထက် နိုင်ငံကောင်းစားရေး ကိုသာ ရှေ့တန်း တင်ရတော့မည်
ဖြစ်သည်။ ရိုက်ညီနောင်သည် သူတို့ကို လှောင်ပြောင်ရယ်မော ခဲ့ကြသည့် လူများ
ရှေ့မှောက်တွင် သူတို့၏ စိတ်ကူးယဉ် အိပ်မက်ကို လက်တွေ့ပြခဲ့ကြပြီး
စိတ်ကူးယဉ်သက်သက် မဟုတ်ကြောင်း သက်သေပြခဲ့ကြသည်။ ထို့အတူပင်
မြန်မာနိုင်ငံကို အထင်တသေး နှိမ့်ချဆက်ဆံ ခဲ့ကြသူများကိုလည်း စည်းလုံး
ညီညွတ်မှု အစွမ်းဖြင့် ၎င်းတို့၏ အထင်အမြင်တွေ မှားယွင်းကြောင်း သက်သေပြကြ
ရလိမ့်မည်ဟု The Daily Eleven သတင်းစာက တိုက်တွန်းရေးသား အပ်ပါသည်။
Tuesday, October 22, 2013
Subscribe to:
Post Comments (Atom)