Saturday, August 24, 2013

ရှမ်း၂ ပါတီ ပူးပေါင်းရန် မရှိ

0 comments


သြဂုတ်လ(၂၄)ရက်

ရှမ်းပြည်နယ်ရှိ ပါတီကြီး ဖြစ်သော ရှမ်းအမျိုးသား ဒီမိုကရေစီပါတီ (SNLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ပါတီတို့မှ ၂၀၁၅ ရွေးကောက်ပွဲအတွက် ပူးပေါင်း ဆောင်ရွက်သွားရန် မရှိကြောင်း သြဂုတ်လ ၂၁ ရက်နေ့တွင် SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ပါတီ ၂ခု ပူပေါင်း၍ ၂၀၁၅ ရွေးကောက်ပွဲဝင်ရန် အစီအစဉ် မရှိကြောင်း၊ သို့သော် လိုအပ်လာလျှင် ညှိနှိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ပါတီ တစ်ခုချင်း၏ သဘောထားများသည် မတူညီနိုင်ကြောင်း၊ ပူးပေါင်းပြီး အကွဲအပြဲ ဖြစ်ပေါ်လာလျှင် ပို၍ အရှက်ရလာ နိုင်ကြောင်း၊ ပါတီ ၂ခု သီးသန့် ရပ်တည်ခြင်းက ပို၍ ကောင်းနိုင် ကြောင်း SNDP ပါတီအတွင်းရေးမှူး ဦးစိုင်းလှကျော်က ပြောသည်။

SNLD ပါတီသည် ယခင် စစ်အစိုးရ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခြင်း မရှိဘဲ ၂၀၀၈ ဖွဲ့စည်းပုံကို ကန့်ကွက်ခဲ့သည်။

““ကျွန်တော်တို့ ပါတီကတော့ ဘယ်ပါတီနဲ့မှ ပူးပေါင်းပြီး ရွေးကောက်ပွဲဝင်ဖို့ အစီအစဉ်မရှိဘူး။ သီးခြားပဲ ရပ်တည်မှာပါ””ဟု SNLD အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။

ကျော်စိုးဦး

မြန်မာသံတော်ဆင့်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here