Friday, August 16, 2013

မိုင်းဆတ်မြို့နယ်အတွင်း ကျေးရွာများတွင် ကျွဲနှင့် ၀က်များ လည်ချောင်းကွဲရောဂါဖြင့် သေဆုံးမှုများနေ

1 comments

သြဂုတ်လ(၁၆)ရက်
Photo: မိုင်းဆတ်မြို့နယ်အတွင်း ကျေးရွာများတွင် ကျွဲနှင့် ၀က်များ လည်ချောင်းကွဲရောဂါဖြင့် သေဆုံးမှုများနေ

16.8.2013

ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့အတွင်းရှိ မိုင်းတွမ်းဒေသကျေးရွာများတွင် သြဂုတ်လအတွင်း ကျွဲနှင့် ၀က် တိရစ္ဆာန်များ လည်ချောင်းကွဲရောဂါဖြင့် သေဆုံးမှုများပြားနေကြောင်း ဒေသခံလယ်သမားတစ်ဦးထံမှ သိရသည်။
 
မိုင်းဆတ်ခရိုင်၊ တိမွေးကု ဌာနမှ ၀န်ထမ်းတစ်ဦးက“ မိုင်းတွမ်းဒေသမှာရှိတဲ့ ရွာတွေက တိရစ္ဆာန်တွေ ဒီနှစ်ထဲမှာ ရောဂါဖြစ်ပွားမှုတွေများပါတယ်၊ ပြီးခဲ့တဲ့ ဇူလိုင်လ တစ်လထဲမှာတင် ခွာနာ၊ လျှာနာ ရောဂါနဲ့ စုစုပေါင်း ကျွဲအကောင် (၃၀)လောက် သေသွားတယ်၊ အခုလည်း အဲ့ဒီဒေသမှာရှိတဲ့ ကျွဲနဲ့ ၀က်တွေမှာ လည်ချောင်းကွဲ ရောဂါဖြစ်ပွားမှုများနေတယ်၊ ဒီသြဂုတ်လထဲမှာတင် ကျွဲ အကောင်(၂၀)နဲ့ ၀က် အကောင်(၂၀)လောက်သေနေ ကြပြီ၊ အဆိုးဆုံး ရွာတွေကတော့ မိုင်းကန်းအုပ်စု၊ ယောင်ခ(၃)အုပ်စုနဲ့ ယောင်ခ(၁)အုပ်စုတို့မှာ အများဆုံးဖြစ် နေပါတယ်၊ ကျွန်တော်တို့မိုင်းဆတ်ခရိုင် တိမွေးကုဌာနမှ ၀န်ထမ်းတွေကလည်း အတတ်နိုင်ဆုံး သွားရောက် ကုသမှုတွေပြု လုပ်ပေးနေပါတယ်၊ လိုအပ်တဲ့ဆေးဝါးကို မယ်ဖာ့လုံဖောင်ဒေးရှင်းမှ လှူဒါန်းပါတယ် ” ဟုပြော ပြပါသည်။
 
မိုင်းတွမ်းဒေသတွင် ဇူလိုင်လအတွင်းမှစပြီး ကျွဲ၊ နွား၊ ၀က်များတွင် ရောဂါဖြစ်ပွားမှုများ များပြားနေပြီး ဒေသခံများအနေဖြင့်လည်း စိတ်ဓာတ်ကျဆင်းနေကြသည်။ ယခုရာသီဟာ ကျွဲ၊ နွားတွေကို အမှီပြုပြီး လုပ်ငန်းဆောင်ရွက်ရသောကြောင့် လုပ်ငန်း နောက်ကျမှုများရှိနေကြပြီး အချို့လယ်သမားများမှာ ကျွဲ၊ နွားများသေဆုံးသွားသည့်အတွက် လယ်ယာများ ဆက်လက်လုပ်ကိုင်ရန် များစွာခက်ခဲနေကြောင်း ဒေသခံများထံမှသိရသည်။

One Response so far.

  1. ကျေးဇူးပြုပြီး share ပေးကြပါ .......... ............ ............

    ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်မြို့ နယ်အတွင်းရှိ " ဒေါ်ဥမ္မာခင် ပညာရေးလမ်းညွှန်ဘော်ဒါ " မှ ဆရာနှင့် ကျောင်းသူ ကို အမည်မဖော်ဘဲ စွပ်စွဲ တိုင်ကြားနေသော ကျောင်းသူ- ကျောင်းသားများအား ငြိမ်းချမ်းစွာ မညါာသင်ကြားနေမှုကို နှောင့်ယှက်သညါ့ကိစ္စနှင့် ပတ်သတ်ပြီး တိုင်တဲ့ လူက ဆရာသမားတွေနှင့် ဘော်ဒါဆောင်ကို မနာလို မုန်းတီးပြီး သူများတွေ အယင်လွဲအောင် ကောက်ကျစ်စဉ်းလဲ ယူတ်မာအောက်တန်းကျပြီး ချောက်ချလိုက်တာပါပဲ။သမီးတို့ ဘောဒါဆောင်မှာ လက်ရှိ ပညာသင်ကြားနေတဲ့ ကျောင်းသူစာရင်းကတော့ (၁၀)တန်း ကျောင်းသူ (၃၇) ယောက်၊ (၉)တင်းကျောင်းသူ (၅) ယောက်ရှိပါတယ်၊ ဒီလိုမဟုတ်မမှန်ဘဲ အမည်မတပ်ဘဲ စွပ်စွဲ ခံထားရတဲ့ အတွက် ပညာသင်ကြားနေတဲ့ ကျောင်းသူ၊ကျောင်းသား များအတွက်လည်း ပညာရေးအနှောင့်အယှက် ဖြစ်လွန်းပါတယ်၊ ဒီကိစ္စကို မ.ယ.က ဥက္ကဌက တိုင်သူအမည်ကိုမသိကျောင်းသူကိုလည်း မသိဘဲ တခြားဘော်ဒါက စရာသမားတွေရဲ့ အရှ့မှာ ခေါ်ယူပြီး စစ်ဆေးပြီး အသရေဖျက် သိက္ခာချတဲ့ အတွက် လူကြီးတစ်ယောက်ဖြစ်ပြီး လွန်လွန်းပါတယ်။

    အရာရှိပုဂ္ဂိုများမှ မ.ယ.က ဥက္ကဌကြီးနှင့် စစ်ဆေးသူ (၃) ဦးအပြင်မနာလိုမုန်းတီးပြီး တိုင်ထားတဲ့ လူကို ကျွန်မတို့ ကျောင်းသူအားလုံးအတွက် နစ်နာမှူမရှိအောင် အမြန်ဆုံးစစ်ဆေးပြီးဖြေရှင်းပေးစေလိုပါတယ်ရှင်။

    ဒေါ်ဥမ္မာခင် ပညာရေးလမ်းညွှန်ဘော်ဒါ

    မှ

    ကျောင်းသူကျောင်းသားများ (မိုင်းဆတ်မြို့)

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here