သြဂုတ်လ(၁၈)ရက်
ဒီတစ်လသားလေးကတော့တကယ်ကိုကံဆိုးရှာသူလေးပါ။မိခင်ဖြစ်ဖြစ်သူမချိုပြုံးသူ့ကို မွေးဖွားစဉ်က မွေးရာ
ပါစအိုကြီးနေတာကြောင့် အရပ်လက်သည်ကမမွေးဖွားရဲတော့တာကြောင့် ကလေးကိုယ်တပိုင်းထွက် တန်းလန်းနဲ့ရွာငံဆေးရုံကို ထော်လာဂျီနဲ့ ပြေးရတာပါ။ရွာငံဆေရုံမှာ မွေးဖွားပြီးပေမယ့် မွေးရာပါစအိုကြီးတာ
က ပိုဆိုးရွှားလာတာကြောင့်
ရွှာကလူတွေ စုဆောင်းပေးလိုက်တဲ့ငွေလေးနဲ့မန္တလေးဆေးရုံ ကိုလာတက်ကြတာပါ။
ကလေးဟာခွဲစိတ်ဖို့လိုပြီး မိဘတွေကငွေကြေးမတတ်နိုင်တာကြောင့် အခက်အခဲဖြစ်နေရပါတယ်။ မိဘတွေကတော့အဖေ ကိုအောင်ဆန်းဝင်း အမေ မချိုပြုံးပအိုဝ်တိုင်းရင်းသားတွေပါ။ နေတာကတော့ ရွှာငံမြို့နယ် လက်ပံပင်ကျေးရွှာဖြစ်ပါတယ်။
ကလေးက မန္တလေး ကုတင် ၅၅၀ဆန့် ကလေးဆေးရုံ သစ် ခွဲစိတ်ရုံ( ၂ )မှာပါ။ One To One စုပေါင်းကူညီ
ရေးအနေနဲ့ မနက်ဖြန်သွားရောက်ကူညီဖို့ ရှိပါတယ်။
သဒ္ဒါတရားထက်သန်တဲ့သူများသွားရောက်ကူညီပေးနိုင်ဖို့တင်ပြလိုက်ရပါတယ်။
Kayan Times