Friday, August 16, 2013

တရားမ၀င် ကုန်သွယ်မှုတားဆီး ထိန်းချုပ်ရန်အတွက် ကမ်းရိုးတန်းသွား ရေယာဉ်များကို စတင်စစ်ဆေးနေ

0 comments

သြဂုတ်လ(၁၆)ရက်
Photo: တရားမ၀င် ကုန်သွယ်မှုတားဆီး ထိန်းချုပ်ရန်အတွက် ကမ်းရိုးတန်းသွား ရေယာဉ်များကို စတင်စစ်ဆေးနေ

16.8.2013

ပင်လယ်ရေကြောင်းမှ တရားမ၀င် ကုန်သွယ်မှုအား တားဆီးထိန်းချုပ်ရန်အတွက် ကမ်းရိုးတန်းသွား ပြည်တွင်းရေယာဉ်များကို သြဂုတ် ၁၂ ရက်မှ စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်းနှင့် လက်ရှိကာလမှာ ပညာပေးကာလ ဖြစ်သော်လည်း တင်သွင်းခွင့် ပြုမထားသည့်အရက်၊ ဘီယာ၊ စီးကရက်များ တင်သွင်းမှုကို စစ်ဆေးတွေ့ရှိပါက အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ ကွပ်ကဲရေးမှူးရုံး တာဝန်ခံ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က သြဂုတ် ၁၅ ရက်တွင် ပြောကြားသည်။

တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရန်ကုန်ဆိပ်ကမ်း နယ်မြေ Mobile Team အဖွဲ့မှ ပင်လယ်ဝ (တော်ကလု)နှင့် ရန်ကုန်မြစ်၊ လှိုင်မြစ်အတွင်းရှိ ဆိပ်ကမ်းများတွင် စောင့်ကြည့် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ကမ်းရိုးတန်းသွား ပြည်တွင်း ရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော ယုဇန၊ သာကေတဆိပ်ကမ်း၊ နန်းသီတာ၊ ၀ါးတန်း၊ ချောင်းဝ၊ ဘုရင့်နောင်နှင့် ဗားဂရာ ဆိပ်ကမ်းများတွင်လည်း စစ်ဆေးမှုများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

''ကမ်းရိုးတန်းသွား ပြည်တွင်းရေယာဉ်တွေနဲ့ ဆိပ်ကမ်းနယ်မြေတွေ စစ်ဆေးမှုက သြဂုတ် ၁၂ ရက်စပါတယ်။ ဒီလကုန်အထိ ပညာပေးကာလ ဖြစ်တဲ့အတွက် ဖမ်းဆီး အရေးယူတာတွေ မလုပ်သေးဘဲ ပင်လယ်ရေကြောင်း အကောက်ခွန် ဥပဒေနဲ့အညီ ဒဏ်ကြေးတို့ အခွန်ဆောင်တာတို့ လုပ်ပြီးရင် သိမ်းဆည်းထားတဲ့ ပစ္စည်းတွေ ပြန်ပေးမှာ ဖြစ်ပါတယ်။ ပညာပေးကာလ ဖြစ်ပေမယ့် တင်သွင်းခွင့် မပြုထားတဲ့ အရက်၊ ဘီယာ၊ စီးကရက်လို ပစ္စည်းတွေ ဆိုရင်တော့ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' ဟု ဦးညွန့်အောင်က ပြောကြားခဲ့သည်။

ဒီလကုန်အထိ ပညာပေးကာလ ဖြစ်တဲ့အတွက် ဖမ်းဆီး အရေးယူတာတွေ မလုပ်သေးဘဲ ပင်လယ်ရေကြောင်း အကောက်ခွန် ဥပဒေနဲ့အညီ ဒဏ်ကြေးတို့ အခွန်ဆောင်တာတို့ လုပ်ပြီးရင် သိမ်းဆည်းထားတဲ့ ပစ္စည်းတွေ ပြန်ပေးမှာ ဖြစ်ပါတယ်။ ပညာပေးကာလ ဖြစ်ပေမယ့် တင်သွင်းခွင့် မပြုထားတဲ့ အရက်၊ ဘီယာ၊ စီးကရက်လို ပစ္စည်းတွေ ဆိုရင်တော့ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်...

''လက်ရှိမှာတော့ စာရင်းတွေ မချုပ်ရသေးတဲ့ အတွက် ဒီလေးရက်အတွင်း စစ်ဆေးတွေ့ရှိတဲ့ အရေအတွက်ကို အသေးစိတ်ပြောလို့ မရသေးပါဘူး။ ကုန်ပစ္စည်း အလွဲတွေ သယ်ဆောင် လာတာတွေ၊ တင်ပြထားတဲ့ ပမာဏထက် ပိုမိုတင်ဆောင် လာတွေကို စစ်ဆေးတွေ့ရှိ နေပါတယ်'' ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။

တရားမ၀င် ကုန်သွယ်မှု တားဆီးနိုင်ရန် အတွက် တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်း၊ မြိတ်မြို့များ အပါအ၀င် အခြားမည်သည့် မြို့/ဆိပ်ကမ်းများမှ အခြားဆိပ်ကမ်းများသို့ ထွက်ခွာ/၀င်ရောက် လာသည့် ပြည်တွင်း ကမ်းရိုးတန်းသွား ရေယာဉ်များ အားလုံးသည် ရန်ကုန်တိုင်း ဒေသကြီး ပင်လယ်ဝ (တော်ကလု)တွင် ရဲရင့်မာန် ရေယာဉ်နှင့် စောင့်ကြည့်စစ်ဆေးမှု ပြုလုပ်နေသော Mobile Team အဖွဲ့သို့ ၀င်ရောက်စစ်ဆေး ခံရမည်ဖြစ်ပြီး စစ်ဆေးခံပြီးမှသာ လိုရာခရီးသို့ ဆက်လက် ထွက်ခွာခွင့် ပြုမည်ဖြစ်ကြောင်းနှင့် ၀င်ရောက် စစ်ဆေးခံခြင်းမပြုဘဲ မောင်းပြေးမည် ဆိုပါက ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။

ပင်လယ်ဝ (တောကလု)တွင် ၀င်ရောက် အစစ်ဆေးခံရမည့် ရေယာဉ်များတွင် အပြည်ပြည်ဆိုင်ရာ ရေကြောင်းလိုင်းများမှ သင်္ဘောများမှအပ ပြည်တွင်း ကမ်းရိုးတန်းသွား ရေယာဉ်များ၊ ခရီးသည်တင် ရေယာဉ်များ၊ ငါးဖမ်းရေယာဉ်များ၊ အမြန်ရေယဉ်များ (ရှပ်ပြေး)နှင့် စက်မဲ့ရေယာဉ်တွဲများ ပါဝင်ကြောင်း သိရှိရသည်။

Eleven Media Group

mobile team မှ သိမ်းဆည်းထားသည့် ဘီယာနှင့် အရက်များအား ၀ါးတန်းဆိပ်ကမ်းတွင် တွေ့ရစဉ်

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here