သြဂုတ်လ(၁၉)ရက်
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့၌ သြဂုတ် ၁၈ ရက် နံနက် ၆ နာရီခန့်က ရွှေဆိုင်တစ်ဆိုင် ဖောက်ထွင်းမှုဖြစ်ပွားခဲ့ကြောင်း
ဖြစ်စဉ်မှာ ပျဉ်းမနားမြို့ ရွာကောက်ရပ်ကွက် ပန်းခင်း(၁) ပင်မလမ်း အမှတ် (၈/
ကော်ဘူးအတွင်း ကြွပ်ကြွပ် အိတ်ဖြင့်ထည့်ထားသော အပေါင်ခံ ရွှေထည်ပစ္စည်းမျိုးစုံ ၃၃၉ မျိုး၊ အလေးချိန် ၄၈ ကျပ် ၄ ပဲသားခန့် ကာလတန်ဖိုး ငွေကျပ် ၃၁၃၆ဝဝဝဝ ခန့်မှာ ပျောက်ဆုံးနေကြောင်း သိရသဖြင့် ဖောက်ထွင်းခိုးယူသူကို စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် ဒေါ်ခင်ထွေးက ပျဉ်းမနားမြို့မ ရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း သိရသည်။
အဆိုပါ အမှုအား ပျဉ်းမနားမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူထားပြီး ဖောက်ထွင်းသူအား ဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိကြောင်း သိရသည်။
ဇော်မျိုးနိုင်
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း