သြဂုတ်လ(၅)
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ယာဉ်ထိန်းရဲ နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ပေါင်းကာ ယနေ့တွင် စည်းကမ်းမဲ့ ဆိုင်ကယ်များကို ဖမ်းဆီးလျှက်ရှိကြောင်း သိရသည်။ ဆိုင်ကယ်တစ်စီးကို (၁၂၀၀၀)၊ (၁၂၅၀၀)၊ (၁၅၀၀၀)၊ (၃၀၀၀၀) ကျပ် အစရှိသဖြင့် ဒဏ်ငွေဆောင်ခိုင်းပြီး၊ မဆောင်နိုင်ပါက ဆိုင်ကယ်ကို သိမ်းဆည်းလျှက်ရှိကြောင်းလည်း သိရသည်။
“ ကျွန်တော်က ဦးထုပ်လဲပါတယ်၊ မေးသိုင်းကြိုးမတပ်လို့ဆိုပြီး တစ်သောင်း ခွဲတောင်းတယ်ဗျာ၊ မပေးနိုင်ရင်ဆိုင်ကယ်သိမ်းမယ်လို့ ပြောတယ်၊ ပိုက်ဆံပေးပြီးတော့လည်း ပြေစာလဲ မပေးဘူးဗျာ၊ ပြေစာမရှိတော့ ဒီပိုက်ဆံတွေက သူတို့အိပ်ထဲပဲရောက်မှာပေါ့၊ ပြီးတော့ ပညာပေး ကာလလောက်တော့ လုပ်သင့်တယ်၊ အခုဟာက ပြည်သူတွေ ဆီက ပိုက်ဆံကို အဓ္ဓမလုယူနေသလို ဖြစ်နေတယ် ” ဟု ဒဏ်ငွေတစ်သောင်းခွဲ
ဆောင်ခဲ့ရသည့် ဆိုင်ကယ်သမားတစ်ဦးက ပြောသည်။
Kayan Times